ပရိသတ်ကြီးရေ ဗီဒီယိုဇာတ်ကားတွေကတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချော​လေး သွန်းဆက်ပဲဖြစ်ပါတယ်။ သွန်းဆက်က ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ သူမရဲ့ ဇာတ်ကားတွေကိုလည်း ပရိသတ်တွေက အကြိုက်တွေ့နေကြတာပါနော်။ 

Photo credit - Thun Sett's FB account
Photo credit - Thun Sett's FB account
Photo credit - Thun Sett's FB account

သွန်းဆက်က လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး အပန်းဖြေအဖြစ် ပြည်တွင်းခရီးစဉ်တွေကို သွားရောက်လည်ပတ်နေတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သွန်းဆက်က ဖက်ရှင်တွေကိုလည်း သူ မတူအောင် လိုက်ဖက်ညီစွာ ဝတ်ဆင်တတ်တာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိထားတာပါနော်။ ယခုလက်ရှိမှာ​တော့ သွန်းဆက်က ခရီးက အမိုက်စား ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလာတာပဲဖြစ်ပါတယ်။ 

Photo credit - Thun Sett's FB account
Photo credit - Thun Sett's FB account
Photo credit - Thun Sett's FB account

သွန်းဆက်က အေးချမ်းတဲ့ တောင်ပေါ်ဒေသလေးကို အလည်အပတ်အဖြစ်ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ခေါင်းအစ ခြေအဆုံး ဖက်ရှင်ကို လိုက်ဖက်ညီစွာ ဝတ်ဆင်ထားပြီး လှပတဲ့ ရှုခင်းတွေကို နောက်ခံထားကာ အထာကျကျပိုစ့်ပေးနေတဲ့ ပုံလေးတွေတင်ပေးလာတာပါ။ သူမရဲ့ ပုံလေးတွေတိုင်းက အထာကျကျလန်းနေတဲ့အပြင် " ရင်ခုန်သံ မြန်လာစေတဲ့ သူ့အပြုံးလေးများရယ် သူများမြင်သွားမှာ တွေးကြောက်တတ်လာတယ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေကြည့်ရှုစေနိုင်ရန်အတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်....။

Photo credit - Thun Sett's FB account
Photo credit - Thun Sett's FB account
Photo credit - Thun Sett's FB account
Photo credit - Thun Sett's FB account

Photo credit - Thun Sett's FB account

Source - Thun Sett's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။