ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ ချောရတနာကတော့ အခုနောက်ပိုင်းမှာဆိုရင် အနုပညာအလုပ်တွေနဲ့ နည်းနည်းအလှမ်းဝေးကွာနေပြီး ကိုယ်ပိုင်မိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်နေတာဖြစ်ပါတယ်။တစ်ခေတ်တခါကတည်းက ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေအများအပြားမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိခဲ့တာပါနော်။
ပရိသတ်တွေကတော့ ယနေ့အချိန်ထိလည်း ချောရတနာကို အားပေးချစ်ခင်နေကြဆဲဖြစ်ပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတွေကို မျှော်လင့်နေကြတာပါ။ သူမက အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပြီး လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက် စာမျက်နှာထက်မှာ အမြဲလိုလိုမျှဝေပေးလျှက်ရှိနေတာလည်း ဖြစ်ပါတယ်။ ချောရတနာက ယနေ့မှာတော့ သူငယ်ချင်းဆုကဗျာရဲ့ ရတနာဆိုင်ကိုအလည်သွားခဲ့တာပဲ ဖြစ်ပါတယ်။
ဆုကဗျာက ရတနာဆိုင်လေးဖွင့်ထားပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ချောရတနာက သူငယ်ချင်း ရဲ့ဆိုင်ကို အလည်သွားရောက်ပြီး အားပေးနေခဲ့တာပါ။ အားပေးနေတဲ့ ပုံရိပ်လေးတွေအပြင် " သူငယ်ချင်းဆိုင်သို့သွားရောက်လည်ပတ် စားသောက် အားပေး လည်ပင်းညစ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.... ။
Source & Photo credit - Chaw Yadanar's FB account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။