အဆိုတော်၊သရုပ်ဆောင် စန္ဒီမြင့်လွင်ကတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးဖြစ်ပြီး ကိုယ်ပိုင်မိသားစုလေးနဲ့ အေးအေးချမ်းချမ်းနေထိုင်နေတာ ဖြစ်ပါတယ် ။ စန္ဒီမြင့်လွင်က သူမနဲ့သမီးလေးအပေါ်မှာ ဂရုစိုက်ကြင်နာတတ်တဲ့ ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားရပြီး စိတ်ချမ်းသာပျော်ရွှင်နေရတာလည်း ဖြစ်ပါတယ် ။ ချစ်စရာကောင်းတဲ့ စန္ဒီမြင့်လွင်တို့မိသားစုလေးကိုတော့ ပရိသတ်တွေကပါ အားကျချစ်ခင်နေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page

ဒီနေ့သြဂုတ်လ (၁၂)ရက်နေ့လေးကတော့စန္ဒီမြင့်လွင်ရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး သူမအနေနဲ့ မွေးနေ့မနက်ပိုင်းမှာ အလှူအတန်းတွေပြုလုပ်ကာ ကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ် ။ ညပိုင်းမှာတော့ စန္ဒီမြင့်လွင်က ချစ်ခင်ပွန်း၊သမီးလေးတို့နဲ့အတူ အိမ်မှာပဲ မွေးနေ့ပွဲလေးကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ စန္ဒီမြင့်လွင်က ချစ်ရတဲ့မိသားစုလေးနဲ့အတူ မွေးနေ့ကိတ်ခွဲရင်း သူမကိုယ်တိုင်မုန့်တွေခွံ့ကျွေးကာ ကြည်နူးပျော်ရွှင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page

စန္ဒီမြင့်လွင်က "မွေးနေ့အမှတ်တရ အိမ်မှာပဲညဘက် ကိတ်မုန့်ခွဲ ကိတ်မုန့်ပို့ပေးတဲ့ plume small baby ကညီမလေးကျေးဇူးအများကြီးတင်ပါတယ်" ဆိုပြီး သူမရဲ့အပျော်လေးတွေကို မျှဝေထားတာ ဖြစ်ပါတယ် ။ Treasure လေးတို့သားအဖကလည်း မွေးနေ့ရှင်မေမေစန္ဒီမြင့်လွင်နဲ့အတူ ပျော်ရွှင်စရာမွေးနေ့ပွဲလေးကို ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် စန္ဒီမြင့်လွင်တို့မိသားစုလေးရဲ့ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Sandy Myint Lwin's FB Page

Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။