အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းအနေနှင့် ယခုအခါ ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်း၏တိုက်စစ်မှူး လာကတ်ဇီကို ခေါ်ယူရန်ကြိုးပမ်းလျက်ရှိရာ အပြောင်းအရွှေ့သာဖြစ်မြောက်ခဲ့ပါက အာဆင်နယ်အသင်း၏ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားဖြစ်လာနိုင်သည်။

ထို့ကြောင့် ယခင်က အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းအနေနှင့်ခေါ်ယူခဲ့သော အသင်း၏ ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမား၅ယောက် ကိုရှာဖွေတင်ပြလိုက်ရပါသည်။

အာဆင်နယ်အသင်းခေါ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမား၅ယောက်

(၁) အိုဇေး - ပြောင်းရွှေ့ကြေးပေါင်သန်း၄၂.၅သန်း (ရီးရဲမက်ဒရစ်မှ)

(၂) မူစတာဖီ - ပြောင်းရွှေ့ကြေးပေါင်သန်း၃၅သန်း (ဗလင်စီယာမှ)

(၃) ချာကာ - ပြောင်းရွှေ့ကြေးပေါင်သန်း၃၃.၈သန်း (မိုချန်ကလာဘတ်မှ)

(၄) အလက်ဆစ်ဆန်းချက် - ပြောင်းရွှေ့ကြေးပေါင်သန်း၃၁.ရသန်း (ဘာစီလိုနာမှ)

(၅) လူးကပ်စ်ပီးရက် - ပြောင်းရွှေ့ကြေးပေါင်သန်း၁၇.၁သန်း (ဒီပို့တီဗိုမှ)

Hein

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။