ပရိသတ်ကြီးရေ ......သာယာချမ်းမြေ့ဖွယ် အိမ်ထောင်တစ်ခုကို တည်ထောင်ထားပြီး ချစ်စရာရင်သွေးလေးတွေပါရရှိနေကြတဲ့ အနုပညာရှင်ဆယ်လီများထဲတွင် မိုးယုစံလည်းအပါအ၀င်ဖြစ်ပါတယ်နော်။ သူမဟာချစ်စရာကောင်းတဲ့သားလေး ကောင်းသိင်္ခမိုးသူကိုလည်းပိုင်ဆိုင်နေတာဖြစ်ပြီး သားလေးဟာလည်း အရွယ်နဲ့မလိုက်အောင်ကို စကားလေးတွေတီတီတာတာပြောတတ်နေပြီး ချစ်စရာကောင်းတဲ့ကလေးငယ်လေးဖြစ်ပါတယ်။


Photo credit-Moe Yu San's Facebook acc
Photo credit-Moe Yu San's Facebook acc

မိုးယုစံဟာ အနုပညာအလုပ်တွေ ခဏရပ်နားထားခဲ့ပေမယ့်လည်း ယခုအခါမှာပြန်လည်ကြိုးစားလုပ်ကိုင်နေပြီဖြစ်ပါတယ်။ မိုးယုစံဟာ ရိုးရိုးအေးအေးလေး နေထိုင်တတ်သူဖြစ်တဲ့အပြင် သားလေးAustinဟာလည်း လိမ္မာရေးခြားရှိတဲ့ကလေးလေးဖြစ်ပါတယ်။ မိုးယုဟာ သူမတို့မိသားစုပုံရိပ်လေးတွေနဲ့ သားလေးAustinရဲ့ဗီဒီယိုလေးတွေကို ပရိသတ်တွေအတွက် ဝေမျှပေးလေ့ရှိတဲ့သူတစ်ယောက်ပါနော်။


Photo credit-Moe Yu San's Facebook acc
Photo credit-Moe Yu San's Facebook acc

အခုဆိုရင်လည်း သားလေးကောင်းသိင်္ခမိုးသူဟာ ထမင်းတွေကို အားပါးတရစားနေတာဖြစ်ပြီး မိုးယုတစ်ယောက်ကတော့ သားလေးထမင်းစားနေတာကြည့်ပြီး ပျော်ရွှင်နေတာဖြစ်ပါတယ်။ ဒါ့ပြင် သားငယ်လေး ထမင်းစားနေတဲ့ဗီဒီယိုလေးကိုလည်း ‌မိုးယုစံဟာ အချစ်တွေပိုပြီးတင်ပေးထားတာလည်း တွေ့ရပါတယ်။ ကဲ....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Photo credit-Moe Yu San's Facebook acc
Photo credit-Moe Yu San's Facebook acc

Source-Kaung Theinkha Moe Thu's Facebook page

Photo credit-Moe Yu San's Facebook acc

Video credit-Kaung Theinkha Moe Thu's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။