အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်းအနေနှင့် အသင်း၏လူငယ်တိုက်စစ်မှူး အီရန်နာချိုကို ခေါ်ယူလိုသည့်အသင်းများထံသို့ ရောင်းချဖွယ်ရှိနေသော်လည်း သတ်မှတ်ချက်တစ်ခုကိုစာချုပ်တွင်ထည့်ရန်ရှိနေသည်။

မန်ချက်စတာစီးတီးအသင်းအနေနှင့် အီရန်နာချိုကို ပေါင်၂၅သန်းဖြင့်ရောင်းမည်ဖြစ်သည့်အပြင် စာချုပ်ထဲတွင် အချိန်မရွှေးပြန်ဝယ်ခေါ်ယူခွင့်ကိုပါ ထည့်ရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အသက်၂ဝအရွယ်ရှိ နိုင်ဂျီးရိးယားလူငယ်ကစားသမား အီရန်နာချိုကို အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လက်စတာစီးတီး၊ ဝက်စ်ဟမ်း၊ ခရစ်စတယ်ပဲလေ့စ်နှင့် အဲဗာတန်အသင်းတို့က ခေါ်ယူရန်စိတ်ဝင်စားနေကြခြင်းဖြစ်သည်။

Hein 

သတင်းအရင်းမြစ် The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။