ချစ်ရတဲ့ ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော​လေး မိုးယုစံကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ မိုးယုက အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်ယောက်ဖြစ်ပြီး ဗီဒီယိုဇာတ်ကားအတော်များများမှာ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပါဝင်ထားတာကိုလည်း တွေ့ရပါတယ်။ သူမပါဝင်ထားတဲ့ ဇာတ်ကားတိုင်းကိုလည်း ပရိသတ်တွေက အကြိုက်တွေ့နေကြတာပါနော်။

Photo credit - Moe Yu San 's FB Page
Photo credit - Moe Yu San 's FB Page

အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေကို သိပ်မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်တွေကတော့ ယနေ့တိုင်အားပေးနေကြဆဲဖြစ်ပါတယ်။ ခင်ပွန်းသည်ရဲ့ ဂရုစိုက် အလိုလိုက်မှုတွေကို အပြည့်အဝရရှိထားတဲ့ မိုးယုက တစ်နေ့တခြား အလှတွေပိုတိုးလို့ နေတာလည်းဖြစ်ပါတယ်။ သားသားလေး မွေးပြီး နောက်ပိုင်းမှာလည်း မိုးယုက သေချာပြုစု ပျိုးထောင်နေတာဖြစ်လို့ မိခင်ကောင်းတစ်ယောက်ပီသတာကိုလည်း တွေ့ရပါတယ်နော်။ မိုးယုက သားသားလေးအပြင် နောက်ထပ် ရင်သွေးလေးကိုလည်း လွယ်ထားရတာပဲဖြစ်ပါတယ်။

Photo credit - Moe Yu San 's FB Page
Photo credit - Moe Yu San 's FB Page

မိုးယုရဲ့ သားသားလေး Austinကလည်း လိမ္မာရေးခြားရှိပြီး ချစ်စရာကောင်းလွန်းတာကြောင့် ဖေဖေ မေမေတို့ရဲ့ အသည်းကျော်လေးဖြစ်ရုံသာမကပဲ မြင်သူတိုင်းက အသည်းယား အချစ်ပိုနေတာပါနော်။ ယနေ့မှာတော့ သားသားလေးက အိပ်ပျော်နေတဲ့ မေမေမိုးယုရဲ့ ရင်ခွင်ထဲကို တိုးဝင်ကာ အရုပ်လေးကို ပိုက်ပြီး ချွဲနွဲ့နေတာပဲဖြစ်ပါတယ်။ ပုံလေးအပြင် "မာမီ ကိုတွေ့ရင် ဒီလိုလေးချွဲတာပါ babyအရုပ်လေးရထဲက ကိုကိုကြီးလုပ်နေတာ" ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ 

Photo credit - Moe Yu San 's FB Page

Photo credit - Moe Yu San 's FB Page

Source - Moe Yu San 's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။