ချစ်ပရိသတ်ကြီးရေ မအေးသောင်းကတော့ တစ်ခေတ်တခါထဲက အနုပညာလောကမှာ အောင်မြင်ကျော်ကြားလာခဲ့ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ သူမက ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ဗီဒီယိုရုပ်ရှင်ဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူမရဲ့ဇာတ်ကားတိုင်းကလည်း ပရိသတ်တွေအကြိုက်တွေ့စေခဲ့တာပဲဖြစ်ပါတယ်။ မအေးသောင်းက တောင့်တင်းလှပတဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ထားပြီး မြန်မာဆန်ဆန်ဖက်ရှင်တွေကိုပဲ ရွေးချယ်ဝတ်ဆင်တတ်သူဖြစ်တာကြောင့် ပုရိသပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။

Photo credit -Aye Thaung 's FB account
Photo credit -Aye Thaung 's FB account

မအေးသောင်းက လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ကပ်ရောဂါကြောင့် ရပ်နားထားရတဲ့ အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ကြော်ငြာတွေနဲ့ photo shootingတွေကို ဆက်တိုက် ရိုက်ကူးနေတဲ့ မအေးသောင်းက အားလပ်တဲ့ အချိန်လေးတွေမှာလည်း ပရိသတ်တွေကို အချိန်ပေးကာ အလှပုံရိပ်လေးတွေကို တင်ပေးလေ့ရှိနေတာပဲဖြစ်ပါတယ်။ ယနေ့မှာ​​တော့ မအေးသောင်းက တက်သစ်စ မင်းသားချောလေး ကျော်ထက်ဇော်နဲ့အတူ ရိုက်ကူးရေးပြုလုပ်နေတာပဲဖြစ်ပါတယ်။

Photo credit -Aye Thaung 's FB account
Photo credit -Kyaw Htet Zaw 's FB account

မအေးသောင်းက သူမရဲ့ Myday စာမျက်နှာထက်မှာ ကော်ဖီဒိတ်လို့ ဆိုကာ ကျော်ထက်ဇော်နဲ့ အတူ ရူတင်မှာ ရိုက်ကူးရေးပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ကျော်ထက်ဇော်နဲ့ အတူ ကြည်ကြည်နူးနူးရိုက်ကူးရေး ပြုလုပ်နေတဲ့ မအေးသောင်းရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ရတဲ့ ပရိသတ်တွေကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ကဲ....ချစ်ရတဲ့ ပရိသတ်တွေကလည်း ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်....။

Photo credit -Kyaw Htet Zaw 's FB account
Photo credit -Kyaw Htet Zaw 's FB account

Video credit & Source - Aye Thaung 's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။