အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်း၏တိုက်စစ်မှူး သီယိုဝဲကော့အနေဖြင့် အာဆင်နယ်အသင်းကနေပြောင်းရွှေ့ဖွယ်ရှိတယ်လို့ အင်္ဂလန်ရှိ မီဒီယာအချို့က ပြောဆိုရေးသားလျက်ရှိပါတယ်။ 

အခြား လန်ဒန်အခြေစိုက် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ ဝက်ဟမ်းအနေနှင့် အာဆင်နယ်မှာ ပုံမှန်ပွဲထွက်ခွင့်အတွက်ရုန်းကန်နေရတဲ့ တိုက်စစ်မှူး သီယိုဝဲကော့ကို ခေါ်ယူချင်လိုနေတာဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိပြီးဖြစ်တဲ့ တိုက်စစ်မှူးဝဲကော့အနေနှင့် အင်္ဂလန်လက်ရွှေးစင်အသင်းတွင်အရွှေးခံရဖို့ ပုံမှန်ပွဲထွက်ခွင့်ရရှိနိုင်တဲ့ အသင်းတစ်သင်းကိုပြောင်းရွှေ့ဖွယ်ရှိပြီး အာဆင်နယ်အသင်းအနေနှင့် ဝဲကော့အတွက် အနည်းဆုံးပေါင်၂၅သန်းရရှိမှသာ ရောင်းမည်ဟု သိရိရသည်။

Hein 

သတင်းအရင်းမြစ် The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။