ချစ်ရတဲ့ ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ချစ်သုဝေကတော့ အနုပညာလမ်းကြောင်းထက်မှာ တစ်ချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်သုဝေက သရုပ်ဆောင် ပီပြင်ကောင်းမွန်ရုံသာမကပဲ အဆိုပိုင်းမှာလည်း သာယာချိုမြတဲ့ အသံလေးနဲ့ သီဆိုတတ်သူဖြစ်လို့ ကိုယ်ပိုင်တေးသီချင်းတွေကို ထွက်ရှိထားပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပါနော်။  

Photo credit - Chit Thu Wai 's FB account

အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေနဲ့ အလှမ်းဝေးနေပေမယ့် ပရိသတ်တွေက ယနေ့တိုင် အားပေးနေဆဲဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ အဆိုတော် လင်းလင်းကလည်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသပြီး ဇနီးချစ်သုဝေအပေါ် အမြဲ ဂရုစိုက်ကြင်နာတက်တာကြောင့် မိန်းကလေးပရိသတ်တွေကလည်း ချစ်သုဝေကို အားကျနေကြတာပါနော်။ ချစ်သုဝေက အမွှာလေးတွေဖြစ်တဲ့ ခေတ်နဲ့ သစ်ကို မွေးဖွားထားပေမယ့်လည်း အပျိုရှုံးလောက်အောင် လှနေတာကိုလည်း တွေ့ရပါတယ်။ 

Photo credit - Chit Thu Wai 's FB account
Photo credit - Chit Thu Wai 's FB account

မကြာသေးမီကမှ အသက် ၃၆နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ချစ်သုဝေက သူမရဲ့ မွေးနေ့လေးကို အလှူတွေပြုလုပ်ရင်း ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ယနေ့မှာလည်း ချစ်သုဝေက သူမရဲ့ ပရဟိတပေါင်းစပ်လုပ်တဲ့ သူငယ်ချင်း ၃ယောက်နဲ့အတူ အမှန်တကယ်လိုအပ်နေတဲ့ မိဘမဲ့ဂေဟာတွေကို သွားပြီး လှူဒါန်းနေခဲ့တာပဲဖြစ်ပါတယ်။ ပီတိဖြစ်စရာကောင်းလောက်အောင် အလှူသွားရောက်လှူဖြစ်တဲ့ အကြောင်းကိုလည်း စက်လှေစီးရင်း ရှင်းပြပေးနေတဲ့ ချစ်သုဝေရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေကြည့်ရှုစေနိုင်ရန်အတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...။ 

Photo credit - Chit Thu Wai 's FB account
Photo credit - Chit Thu Wai 's FB account

Photo credit - Chit Thu Wai 's FB account

Source & Video credit - Chit Thu Wai 's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။