ယခုလက်ရှိတွင် တရုတ်စူပါလိဂ်ကလပ် ဂွမ်ကျိုးအဲဗားဂန်းတွင်ကစားလျက်ရှိသော ဘရာဇီးလက်ရွှေးစင် ကွင်းလယ်ကစားသမား ပေါ်လင်ဟိုက သူ့ကို ဘာစီလိုနာကစိတ်ဝင်စားနေတယ်လို့ ပြောခဲ့ပါတယ်။

စပိန်လာလီဂါကလပ် ဘာစီလိုနာအနေဖြင့် ယခုနှစ်ဘောလုံးရာသီတွင် အသက်ရွယ်ကြီးလာပြီးဖြစ်သော ကွင်းလယ်လူအင်နီယက်စတာနေရာတွင်အစားထိုးရန် ကစားသမားရှာဖွေနေရာ ယခင်ကပီအက်စ်ဂျီကဗာရက်တီအပြင် ယခုပေါ်လင်ဟိုကိုပါ စိတ်ဝင်စားနေဖြင်းဖြစ်သည်။

ပေါ်လင်ဟိုသည် ၂၀၁၃ခုနှစ်က အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် တော့တီဟမ်စပါးအသင်းသို့ ပေါင်၁ရသန်းဖြင့်ရောက်ရှိလာခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြရန်ရုန်းကန်ခဲ့ရကာ ယခုအခါ တရုတ်စူပါလိဂ်ကလပ် ဂွမ်ကျိုးအဲဗားဂန်းတွင်ကစားလျက်ရှိပြီး ခြေစွမ်းကောင်းများပြသထားနိုင်ကာ ဘရာဇီးလက်ရွှေးစင်အတွက် အရွှေးခံထားရသည်။

Hein 

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။