ယခုအခါ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်း၏ ကစားသမားအသစ်ဖြစ်သူ ဆွီဒင်နောက်ခံလူ လင်ဒီလော့ဖ်ကို အခြား အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ စတုတ်စီးတီးအနေနဲ့ ခေါ်လုနီးပါးဖြစ်ခဲ့ဖူးပါတယ်။

လင်ဒီလော့ဖ် ၁၆နှစ်သားအရွယ်တွင် ဆွီဒင်ကလပ် ဗက်စ်တီရပ်အသင်းတွင် အသင်ကြီးနှင့်ပွဲထွက်ခွင့်ရကတည်းက စတုတ်စီးတီးအနေနှင့်စိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ်တွင် လင်ဒီလော့ဖ်ကို ပေါင်၂သိန်းဖြင့်ခေါ်ယူခွင့်ရခဲ့သော်လည်း ထိုစဉ်ကစတုတ်စီးတီးနည်းပြ တိုနီပူးလစ်ကခြေစွမ်းမလုံလောက်ဟု ဆိုကာ လင်ဒီလော့ဖ်ကိုမခေါ်ယူခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ လင်ဒီလော့ဖ်ကို စတုတ်စီးတီးကမခေါ်ယူခဲ့သော်လည်း ပေါ်တူဂီကလပ် ဘင်ဖီကာမှခေါ်ယူကာ မြေတောင်မြှောက်ပေးခဲ့ပြီး ယခုအခါ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်းက လင်ဒီလော့ဖ်ကို ပေါင်သန်း၃ဝထိပေးချေကာ ဘင်ဖီကာကနေခေါ်ယူခဲ့ခြင်းဖြစ်သည်။

Hein

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။