photo credit - Immortals twitter account

North America က Valorant team တစ်ခုဖြစ်တဲ့ Immortals ကတော့ အသင်းက player Bjor နဲ့ တရားဝင်လမ်းခွဲခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Bjor ကတော့ Immortals ကို ပြီးခဲ့တဲ့ 5 လပိုင်း 21 ရက်နေ့က ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး Immortals နဲ့အတူ tournaments တော်တော်များများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ players တစ်ယောက်ပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ Bjor ဟာ Immortals ကနေထွက်ခွာသွားခဲ့ပြီဖြစ်သလို Immortals အနေနဲ့လည်း Bjor ရဲ့နေရာမှာ diceyzx ကိုအစားထိုးခေါ်ယူခဲ့ပါတယ်။

Diceyzx ကတော့ ပြီးခဲ့တဲ့ 6 လပိုင်း လောက်ကမှ Valorant por team တွေမှာစတင်ကစားခဲ့တဲ့ player တစ်ယောက်ဖြစ်ပြီး Prosepects မှာပထမဆုံးကစားခဲ့တာပဲဖြစ်ပါတယ်။

Prosepects မှာတော့ diceyzx ဟာ 2020 ခုနှစ် 6 လပိုင်း 20 ရက်နေ့မှာစတင်ကစားခဲ့ပြီး 2017 ခုနှစ် 7 လပိုင်း 31 ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ diceyzx ဟာ Immortals ရဲ့ကမ်းလှမ်းမှုနဲ့အတူ မနေ့က 8 လပိုင်း 12 ရက်နေ့မှာ Immortals ကိုပြောင်းရွှေ့လာခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိ Immortals ရဲ့ Valorant roster ကတော့

KOLER

Genghsta

Asuna

jcStani

diceyzx

Gunba (coach)

တို့ပဲဖြစ်ပါတယ်။

photo credit - Immortals twitter account

source - Immortal twitter account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။