ပရိသတ်ကြီးရေ မော်လ်ဒယ်သရုပ်ဆောင်မင်းသားချောလေး ထွန်းကိုကို ကတော့ ပရိသတ်တွေရဲ့အချစ်တွေနဲ့အတူ အနုပညာလောကမှာ အကောင်းဆုံးရပ်တည်နေတဲ့သူပဲဖြစ်ပါတယ်။ မင်းသားချောလေး ထွန်းကိုကို ကတော့ အရပ်ရှည်ပြီး ခန့်ခန့်ညားညားနဲ့ ယောကျာ်းပီသတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးဝန်ရံခြင်းကိုခံနေရတဲ့ မင်းသားချောလေးပဲဖြစ်ပါတယ်။ ထွန်းကိုကိုက သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လိုဇာတ်ကောင်မျိုးကိုမဆို သဘာဝကျကျ နဲ့သရုပ်ဆောင်နိုင်တာကြောင့် အောင်မြင်မှုတွေကိုလည်း ရရှိနေခဲ့တာဖြစ်ပါတယ်။ 

Photo credit - Yanpaing Tunko's FB account
Photo credit - Yanpaing Tunko's FB account

အခုနောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာလုပ်ဆောင်နေပြီး ပရဟိတလုပ်ငန်းဖြစ်တဲ့ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းမှာ ပါဝင်လုပ်ဆောင်ပေးနေတာကိုလည်း တွေ့ရပါတယ်။ သူရဲ့ လှုပ်ရှားမှု ပုံရိပ်တိုင်းကို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတဲ့ ထွန်းကိုကို ကို ပရိသတ်တွေကလည်း စောင့်မျှော်အားပေးနေကြတာပဲဖြစ်ပါတယ်။ ထွန်းကိုကိုက ယနေ့မှာတော့ ပရိသတ်တွေ အသည်းယားအချစ်ပိုစေလောက်တဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။

Photo credit - Yanpaing Tunko's FB account

ထွန်းကိုကိုက သူရဲ့ Myday စာမျက်နှာထက်မှာ ပရိသတ်တွေ အတော်များများ မမြင်ဖူးသေးတဲ့ ကလေးဘဝက ပုံရိပ်အဟောင်းလေးကို တင်ပေးလာတာပဲဖြစ်ပါတယ်။ အသည်းယားစရာကောင်းလောက်အောင် မျက်စောင်းထိုးရင်း ပိုစ့်ပေးနေတဲ့ ငယ်ဘဝက ပုံလေးကို ယခုလက်ရှိပုံလေးနဲ့ ယှဉ်ကာ တင်ပေးလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ကဲ... ပရိသတ်တွေကလည်း ထွန်းကိုကိုရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်...။ 

Photo credit - Yanpaing Tunko's FB account
Photo credit - Yanpaing Tunko's FB account

Photo credit - Yanpaing Tunko's FB account

Source - Yanpaing Tunko's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။