Indonesia နိုင်ငံဟာဆိုရင် အရှေ့တောင်အာရှနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး ကျွန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဆိုတာကို ပရိသတ်ကြီး အနေနဲ့လဲ သိရှိကြမှာဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့နိုင်ငံမှာ လှပတဲ့ကျွန်းစုတွေရှိတဲ့အပြင် Temple တွေနဲ့ Komodo Island လို့ခေါ်တဲ့ ဖွတ်တွေရှိတဲ့ ကျွန်းကလဲ နာမည်ကျော်ကြားပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေကလဲ သူတို့နိုင်ငံရဲ့ ကျွန်းအလှတရားတွေနဲ့ အစားအသောက်တွေကြောင့် တချို့ဆို အပန်းဖြေဖို့ ခရီးထွက်တက်ကြပါတယ်။ ကျွန်းတွေနဲ့ဖွဲ့စည်းထားတဲ့ နိုင်ငံရဲ့ နောက်ထပ် စိတ်ဝင်စားစရာကတော့ Fireball Soccer ဆိုတဲ့ ဘောလုံးကစားနည်းဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ကောင်းတဲ့ အားကစားတွေထဲက တစ်ခုပေါ့။ 

Photo Credit : Go-Today
Photo Credit : Go-Today

Fireball ဆိုတာကတော့ သာမန်ဘောလုံးကစားနည်းလို ဘောလုံးကိုပဲ ကန်ရတယ်ဆိုပေမယ့် ဘောလုံးအစား အုန်းသီးကို ရေနံဆီလူးပြီးမီးရှိုးထားတဲ့ အုန်းသီးနဲ့ ကစားကြတာပဲဖြစ်ပါတယ်။ မီးစွဲနေတဲ့ အုန်းသီးကိုကန်ရမှာမို့ ကစားသူတွေဟာလဲ မီးမလောင်အောင် ပြင်ဆင်ပြီး ဆော့ကစားကြပါတယ်။ အဲ့အပြင်ကစားတဲ့အခါမှာလဲ ဘာဖိနပ်မှမဝတ်ဆင်ပဲ ရိုးရိုးခြေထောက်နဲပဲကန်ကာ ဖမ်းရင်လဲ လက်ဗလာနဲ့ပဲ ဖမ်းကြပါတယ်။ အဲ့တာကြောင့် သူတို့အနေနဲ့ အပေါ်မှာ ပြောခဲ့သလို မီးမလောင်အောင် အရင်ဆုံး ဆားနဲ့မီးမလောင်တဲ့ နံ့သာတွေသုတ်လူးထားရပါတယ်။ အဲ့အပြင်သူတို့အနေနဲ့လဲ မီးပူခံနိုင်အောင် သေသေချာချာလေ့ကျင့်ထားကြရမှာပါ။ ကလေးတွေအနေနဲ့ အိမ်မှာ ဆော့မကစားသင့်ပါဘူး။  

Photo Credit : Go-Today
Photo Credit : Go-Today

သတင်းအရင်းမြစ် Go-Today

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။