ပရိသတ်ကြီးရေ မင်းသမီးချောလေး မအေးသောင်းကတော့ ရုပ်ရှင်ဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်အားပေးမှုကို တခဲနက်ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ မအေးသောင်းက အသက်သုံးဆယ်ကျော် အရွယ် မင်းသမီး တစ်ယောက်လို့ ထင်ရက်စရာမရှိပဲ နုပျိုလှပနေသူဖြစ်လို့ ပုရိသတို့အသည်းစွဲ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ဦး ပဲ ဖြစ်ပါတယ်။ မအေးသောင်းက ကိုယ်ခန္ဓာအချိုးအစားပြေပြစ်လှပပြီး မြန်မာဝတ်စုံလေးတွေကိုသာ ဝတ်ဆင်တတ်သူပါ.....။

Photo credit - Aye Wutyi Thaung's FB account
Photo credit - Aye Wutyi Thaung's FB account

မအေးသောင်းက လတ်တလောမှာတော့ အနုပညာလှုပ်ရှားတွေကို ဆက်တိုက်လုပ်ကိုင်နေပြီး လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတာလည်း ဖြစ်ပါတယ်။ 

မအေးသောင်းက ယခုမှာလည်း တက်သစ်စ မင်းသားချောလေး ကျော်ထက်ဇော်နဲ့အတူ ကြော်ငြာတစ်ခုကို အတူတူ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ 

Photo credit - Aye Wutyi Thaung's FB account
Photo credit - Aye Wutyi Thaung's FB account

မအေးသောင်းက ရူတင် ရိုက်ကူးရေးခဏနားတဲ့အချိန်လေးမှာ Tiktok ဆော့ကစားနေတာပဲ ဖြစ်ပါတယ်။ မှန်ကိုကြည့်ကာ ခေါင်းဖီးနေရင်း သီချင်းသံကြောင့် အသည်းယားစရာကောင်းလောက်အောင် ရုတ်တရက် ကပြလိုက်တာပဲ ဖြစ်လို့ ကြည့်မိသူတိုင်း အချစ်ပိုမိမှာ အသေအချာပါပဲနော် ။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေလည်း မအေးသောင်းရဲ့ Tiktok video လေးကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။

Photo credit - Aye Wutyi Thaung's FB account
Photo credit - Aye Wutyi Thaung's FB account

Source & Photo credit - Aye Wutyi Thaung's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။