ပရိသတ်ကြီးရေ.....ဇာတ်ကားကောင်းတွေကို အကောင်းဆုံးဖန်တီးမှုတွေနဲ့ အတူပရိသတ်တွေကို ချပြလေ့ရှိတဲ့ အကယ်ဒမီများရှင် ဒါရိုက်တာစင်ရော်မောင်မောင်ကို သိကြမယ်ထင်ပါတယ်နော်။ သူဟာတစ်ခတ်တခါတည်းက ပရိသတ်တွေရဲ့အားပေးမှုကိုခံရပြီး အနုပညာလောကမှာ ဆယ်စုနှစ်များစွာတိုင် အောင်မြင်စွာရပ်တည်နေနိုင်တဲ့သူဖြစ်ပါတယ်။ စင်ရော်မောင်မောင်ရဲ့သားလေးဖြစ်တဲ့ မင်းသန့်မောင်မောင်ဟာလည်း ဖခင်ခြေရာကိုအမီလိုက်ပြီး ဒါရိုက်တာတစ်ယောက်အနေနဲ့ ရပ်တည်နေပြီပဲဖြစ်ပါတယ်နော်။

Photo credit-Zin Yaw Mg Mg's Facebook acc
Photo credit-Zin Yaw Mg Mg's Facebook acc

စင်ရော်မောင်မောင်တို့သားအဖနှစ်ယောက်ဟာ အနုပညာလှုပ်ရှားမှုတွေကို အတူလက်တွဲပြီးလုပ်နေကြတာလည်းဖြစ်ပြီး သားလေးမင်းသန့်ဟာလည်း အဖေဖြစ်သူအားကိုးရတဲ့ သားလေးတစ်ယောက်ပါ။ မင်းသန့်တို့သားအဖနှစ်ယောက် လက်တွဲပြီးပုံဖော်ခဲ့တဲ့ တိမ်တွေပေါ်ကပန်းဆိုတဲ့ ရုပ်ရှင်ကားကြီးဟာလည်း အောင်မြင်မှုရရှိခဲ့တာဖြစ်ပြီး မင်းသမီးချောလေး၀တ်မှုံရွှေရည်နဲ့အတူ ရိုက်ကူးခဲ့ဝာာဖြစ်ပါတယ်။

Photo credit-Zin Yaw Mg Mg's Facebook acc
Photo credit-Zin Yaw Mg Mg's Facebook acc

မကြာသေးခင်က‌ကျရောက်ခဲ့တဲ့ ကစ်ရဲ့မွေးနေ့လေးအတွက်လည်း စင်ရော်မောင်မောင်တို့သားအဖနှစ်ယောက်ဟာ ကစ်နဲ့အတူတွေ့ဆုံရင်းညစာစားခဲ့ကြတာပါနော်။ ဒီအကြောင်းအရာလေးကို စင်ရော်မောင်မောင်ဟာသူ့ရဲ့ Facebookစာမျက်နှာတွင် "Happy Birthday Kid Kid "ဆိုတဲ့ captionလေးနဲ့ ပုံလေးတွေတင်ပေးလာခဲ့တာဖြစ်ပါတယ်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Zin Yaw Mg Mg's Facebook acc
Photo credit-Zin Yaw Mg Mg's Facebook acc

Source-Zin Yaw Mg Mg's Facebook acc

Photo credit-Zin Yaw Mg Mg's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။