အဒေါ်ဖြစ်သူ မို ့မို ့မြင့်အောင်ကို ချစ်လဲချစ်ကြောက်လဲကြောက်ရပါတယ်ဆိုတဲ့ တူမ ဝါဆိုမြင့်အောင်

အနုပညာအလုပ်ကို ငယ်ရွယ်စဉ်ထဲက စလုပ်ဖြစ်ခဲ့တဲ့ ဝါဆိုမြင့်အောင်ဟာ လက်ရှိမှာတော့ ဗွီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ဖြစ်နေပါတယ်။

နို်င်ငံကျော်အနုပညာရှင် အကယ်ဒမီမို ့မို ့မြင့်အောင်ဟာ တူမဖြစ်သူကို အနုပညာအမွေကို ဆက်ခံစေချင်တဲ့ ဆန္ဒရှိနေကြောင်းသိရှိရပြီး ဝါဆိုမြင့်အောင်က အဒေါ်ဖြစ်သူနဲ ့သူမကြားက ဆက်ဆံရေးအကြောင်းကိုတော့ အခုလိုပဲ ဖွင့်ဟသွားခဲ့ပါတယ်။

" ဆိုဆိုက အနုပညာလောကထဲကို သုံးလ သားအရွယ်ကတည်းက စဝင်ခဲ့ တာပါ။ ဦးမျိုးမင်းက လသားအရွယ်လေး လိုတာကြောင့် အမေမွှေး(မို့မို့မြင့်အောင်) နဲ့အတူ သရုပ်ဆောင်ခဲ့ရတယ်။

နောက်တော့ ကလေး အရွယ်မှာပဲ မီးမီးလေးရဲ့မေမေ့ကျောင်း ၊ ဝဝလေး ဝိုင်းဝိုင်းရေး ၊ ပစ်တိုင်းထောင် သီချင်းတွေမှာ အမေမွှေး (မို့မို့မြင့်အောင်) နဲ့အတူ

သရုပ်ဆောင်ခဲ့တယ်။ သူက အမေရဲ့ ညီမဆိုတော့ ဒေါ်လေး တော်တယ် သူ( မို့မို့မြင့်အောင်) ကိုလည်း အရမ်းကြောက်ရတယ်။ သူ့ရဲ့ မျိုး ဆက်ဖြစ်တဲ့

အတွက် အများကြီး ထိန်းသိမ်းရတယ်။ ကိုယ်ကသူ့ရဲ့ နောက်ဆုံးမျိုးဆက် ဖြစ်တာကြောင့် အနုပညာအမွေကိုလည်း ဆက်ခံစေချင်တယ်။ သူ့ကို တူ၊ တူမ တွေအားလုံးက အမေမွှေး လို့ပဲခေါ်ကြတယ်။”လို ့ဆိုပါတယ်။ 

ဆက်လက်ပြီး အဒေါ်ဖြစ်သူရဲ ့လက်ထဲမှာ ကြီးပြင်းခဲ့ပုံကိုတော့

“အမေမွှေး လက်ထဲမှာပဲ ကြီးပြင်းခဲ့တာလို့ ပြောလို့ရပါတယ်။ ငယ်ငယ်က မူကြိုတက်ရင်တောင် သူ့အနား မှာရှိတဲ့ ကျောင်းကိုပဲ တက်ရတယ်။ အမေမွှေးပဲ

ထိန်းပေးတယ်။ အနုပညာအလုပ်လုပ်တော့လည်း အမေမွှေးက အိုက်တင်ပိုင်းနဲ့ပတ်သတ်ပြီး သင်ပေးတယ်။ ဆိုဆိုက ကြောက်လို့သာ သွားမသင်ရဲတာ။

အမေမွှေးက ပြောတယ် " ဟဲ့...ငါ့ဆီမှာသင်ချင်တဲ့ သူတွေက အများကြီး ငါက သင်ပေးမယ် ပြောတာတောင် နင်က မသင်ချင်ဘူး " ဆိုပြီး ပြောတယ်။

အမေမွှေး က ဆိုဆိုကို မင်းသမီးဆိုတာထက် သရုပ်ဆောင်ကောင်းပဲ ဖြစ်စေချင်တယ်လို့ပြောတယ်။ အမေမွှေးရဲ့တူမ ဖြစ်တဲ့အတွက် အနုပညာရှင်တွေရဲ့ favors ပေးတာ ခံရတယ်။ အမေမွှေးက စည်းကမ်းအရမ်းကြီးတယ် ဆိုဆို တို့ကိုလည်း control လုပ် နိုင်တယ်။ ဆိုဆိုကတော့ အမေမွှေးကို ချစ်လည်း

ချစ်တယ် ကြောက်လဲ ကြောက်တယ် " လို့ ဝါဆိုမြင့်အောင်က ပြောပြသွားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း မို ့မို ့မြင့်အောင်ရဲ ့တူမချောလေး

ဝါဆိုမြင့်အောင်ရဲ ့အနုပညာလှုပ်ရှားမှုတွေ နဲ ့ရုပ်ရှင်ဇာတ်လမ်းလေးတွေကို အားပေးကြည့်ရှု ့နိုင်ပါတယ်နော်။

သတင်းအရင်းမြစ် Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။