အရင်ဘဝကရေစက်ပါခဲ့တာလား၊ ပဠာန်းဆက်ပါတယ်လို့ပဲပြောရမလား..အသက်ရ၅နှစ်အရွယ်ရှိအဘိုးအိုနဲ့ ငါးကြီးရဲ့သံယောဇဉ်ဟာ ထူးခြားလှပါတယ်။

အဘိုးအိုရဲ့အမည်ဟာ Hiroyuki Arakawa လို့ခေါ်ပြီး ရေငုပ်သမားတစ်ယောက်အဖြစ်အသက်မွေးဝမ်းကျောင်းပြုခဲ့သူဖြစ်ပြီး အသက်ရ၅နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ အင်တာနက်မှ အဘိုးအိုနာမည်ကြီးလာတဲ့အကြောင်းကတော့ သူ့ရဲ့ ၂၅နှစ်ကြာပြီဖြစ်တဲ့ ငါးကြီးတစ်ကောင်နဲ့ မိတ်ဆွေအဖြစ် သံယောဇဉ်တွယ်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

ငါးကြီးဟာ Yoriko လို့ အမည်ရပြီး ခေါင်းမှာဘုကြီးနဲ့ မြင်တွေ့နေကြဖြစ်တဲ့ ငါးအမျိုးအစားထဲကပဲဖြစ်ပါတယ်။ အဘိုယအိုဟာ ငါးကြီးနဲ့တွေ့တိုင်း အနမ်းပေးပြီးနှုတ်ဆက်လေ့ရှိပါတယ်။ ငါးကြီးနဲ့စတွေ့ခဲ့တာကတော့ လွန်ခဲ့တဲ့ ၂၅နှစ်က ရေအောက်မှာရှိတဲ့ Shinto shrineကို ရေအောက်မှာ သွားကြည့်ရတဲ့အချိန်ကစပြီး စတွေ့ခဲ့ရတာလို့ ဆိုပါတယ်။

သတင်းအရင်းမြစ် Bored Panda

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။