ကော်ဖီကိုမသောက်ရမနေနိုင်တဲ့ ကော်ဖီခရေဇီလေးတိုင်း ကြုံရတတ်တဲ့ ပြသနာငါးမျိုးရှိပါတယ်။

၁။ ဗိုက်အောင့်တာ

ကော်ဖီသောက်ပြီးတိုင်း အိမ်သာပြေးတက်တတ်သူဆိုရင်တော့ သေချာပါတယ်။ နွားနို့ပါတဲ့ ကော်ဖီကိုသောက်လို့ပါ။ ကော်ဖီတွင်းပါဝင်တဲ့နို့်ကြောင့် သောက်ပြီးတာနဲ့ အိမ်သာတက်ချင်လာတာပါ။ ဒီပြသနာကိုဖြေရှင်းဖို့အတွက် ဘလက်ကော်ဖီဖြစ်ဖြစ် ကော်ဖီပလိန်းဖြစ်ဖြစ် ပြောင်းသောက်သင့်ပါတယ်။

၂။ စိတ်လှုပ်ရှားတာ

သင်သတိမထားမိပေမယ့် ပြင်းတဲ့ကော်ဖီ ဒါမှမဟုတ် ကော်ဖီတစ်ခွက်ထက်ပိုသောက်ထားရင် နှလုံးခုန်မြန်တာ၊ သင့်လှုပ်ရှားမှူတွေမြန်လာတာကိုတွေ့ရမှာပါ။ ဒါဟာကဖိန်းအစွမ်းလို့ဆိုပေမယ့် ကျန်းမာရေးအတွင်မကောင်းတာကြောင့် ကိုယ့်ကိုကိုယ်သတိထားသင့်ပါတယ်။

၃။ ပါးစပ်နံတာ

ဟုတ်ပါတယ်။ ကော်ဖီသောက်ပြီးရင် ပါးစပ်နံပါတယ်။ ဘာအနံ့လဲဆိုတော့ ကော်ဖီအနံ့ပဲဆိုပေမယ့် တခြားခံတွင်းအနံ့ဆိုးတွေလို ဆိုးရွားပါတယ်။ ဒါကြောင့် သကြားလုံးငုံတာ၊ ပီကေဝါးတာ လုပ်ပေးသင့်ပါတယ်။ တကယ်လို့ သွားတိုက်တာ၊ ခံတွင်းသန့်ရှင်းရေးလုပ်မယ်ဆိုရင်တော့ ကော်ဖီသောက်ပြီးနာရီဝက်နေမှလုပ်သင့်ပါတယ်၊ သွားဖုံးထိခိုက်နိုင်တဲ့အတွက်ကြောင့်ပါ။

၄။ သွားဝါတာ

ကော်ဖီချစ်သူတိုင်း ကြုံရတဲ့ပြသနာပါ။ ကော်ဖီအသောက်များတော့ chromogensတွေဟာ သွားကြွေလွှာမှာကပ်ပြီး သွားဝါတာဖြစ်တတ်ပါတယ်။ ဒီပြသနာကိုတော့ သွားပုံမှန်တိုက်တာ၊ သွားဖြူဆေးသုံးတာ ဒါမှမဟုတ် ကော်ဖီသောက်ပြီးတိုင်း ပလုတ်သေချာကျင်းရင် သွားဝါတာသက်သာမှာပါ။

၅။ ပိုက်ဆံမရှိတာ

ကော်ဖီချစ်သူတွေဟာ ကော်ဖီကောင်းကောင်းကိုမှကြိုက်တတ်တာကြောင့် ဆိုင်ကောင်းကောင်းမှာပဲ ထိုင်သောက်တတ်ပါတယ်။ ဒါပေမယ့် ကော်ဖီအကောင်းစားတစ်ခွက်တန်ဖိုးတင် များလွန်းတာကြောင့် တော်ရုံကော်ဖီချစ်သူတွေ မွဲပြာကျတဲ့အထိပါ။ ဒါကိုဖြေရှင်းဖို့အတွက် အိမ်မှာပဲ ကော်ဖီစစ်စစ်အမှုန့်ဝယ်ထားပြီး ကိုယ်တိုင်စိတ်တိုင်းကျ နှပ်သောက်တာ၊ ဖျော်သောက်တာမျိုး ကြိုးစားလုပ်ကြည့်သင့်ပါတယ်။

သတင်းအရင်းမြစ် EliteReaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။