ကောင်မလေးတွေ ငါ့ချစ်သူကိုပိုင်တယ်ဆိုပြီး ဘဝင်လေဟပ်မနေပါနဲ့နော်။ တကယ်အရေးကြီးတာကဘာလဲ ဒီမှာဝင်ဖတ်ကြည့်ပါနော်။

မိသားစုရေးတွေ

ဒါ ချစ်သူရည်းစားတွေရော၊ လင်မယားတွေရော သတိထားရမယ့်ကိစ္စတစ်ခုပါပဲ။ မိသားစုရေးကို ဘယ်တော့မှ ဝင်မစွက်ဖက်ပါနဲ့လို့ အမုန်းခံပြီးပြောပါရစေဦး။ အကယ်လို့များ သင့်ရဲ့ချစ်သူက သူ့ရဲ့ မိသားစုညီအစ်ကိုမောင်နှမဆွေမျိုးသားချင်းတွေနဲ့ စကားများတယ်၊ ပြဿနာတတ်တယ်ဆိုရင်တောင် သင့်ဘက်က သူ့ကို နှစ်သိမ့်ပြီး အကြံဉာဏ်ပေးတာထက်ပိုပြီး ဘာမှမလုပ်သင့်ပါဘူးလို့။ သင်က သူ့ဘက်ကရပ်တည်ပေးရမှာမှန်ပေမယ့် သူ့အစား လူမိုက်လုပ်တာမျိုး ဥပမာ - သင်က ရန်သွားတွေ့တာ၊ ကိုယ်စားသွားပြောတာ စတာမျိုးတွေကို ရှောင်ကြဉ်ရပါလိမ့်မယ်။ သင်ဘက်က အမြဲတစေ သတိကပ်နေရမှာက မိသားစုဆိုတာ မခေါ်လို့သာရမယ်၊ မတော်လို့မရဘူးဆိုတာကိုပါပဲ။ နောက်ပြီး သင်က ဘယ်လောက်ပဲ အရင်က ရင်းနှီးကျွမ်းဝင်ပါစေ သူစိမ်းဆိုတာကိုလည်း မမေ့ပါနဲ့။

လုပ်ငန်းခွင်ကိစ္စတွေ

နောက်တစ်ခုပါ။ ဒါလည်း အရေးကြီးပါတယ်။ သင့်ရဲ့ချစ်သူက ဘာအလုပ်လုပ်လဲ။ ဘယ်မှာလုပ်လဲ။ ဒါက ကျွန်မတို့နဲ့မဆိုင်ဘူးလားလို့ သင်တို့မေးမယ်ဆိုရင် သိပ်ဆိုင်တာပေါ့။ ဒါပေမယ့် သူဟာ ဘယ်လိုလုပ်ငန်းခွင်မျိုးမှာ ဘယ်လိုလုပ်ဖော်ကိုင်ဖက်မျိုးတွေနဲ့ ဘယ်လောက်အခက်အခဲကြားက လုပ်ကိုင်နေရလဲဆိုတာကိုတော့ သင် အသေးစိတ် မသိရှိနိုင်ပါဘူး။ ဒါကြောင့် ဒီလိုလုပ်ပါလား၊ ဟိုလိုလုပ်ပါလား ဆိုတာတွေကို သင့်ဘက်က လျှော့ဖို့လိုပါလိမ့်မယ်။ လုပ်ငန်းခွင် ဖိအားတွေကို တက်နိုင်သလောက် လျော့ကျအောင် လိုအပ်နေချိန်တွေမှာ သင့်ဘက်က အဖော်ပြုပေး၊ ဆွေးနွေးပေး၊ အကြံပေးတာမျိုးပဲ သင့်တော်ပါလိမ့်မယ်။ ဒါ့ထက်ပိုပြီးတော့ ဟိုလူကို ဒီလိုလုပ်လိုက်ပါလား၊ မန်နေဂျာကို ဒါတော့ မလုပ်ပေးနိုင်ဘူးလို့သာ ပြောလိုက် စသည်ဖြင့် ဝင်ရောက်စွက်ဖက်ဖို့တော့ မသင့်ပါဘူးနော်။

နှစ်သက်မှုတွေ

ဒါကတော့ သင့်ချစ်သူရဲ့ နှစ်သက်မှုတွေကိုပါပဲ။ သူက Classic Music ကိုပဲ ကြိုက်ချင်ကြိုက်မယ်။ ဘောင်းဘီရှည်ထက် ဘောင်းဘီအတိုကိုပဲ အများအားဖြင့် ဝတ်ချင်ဝတ်ဖြစ်လိမ့်မယ်။ ဒါတွေက သူ့ရဲ့ နှစ်သက်မှုတွေပါပဲ။ ဒါတွေနဲ့ ပတ်သက်လို့လည်း သင့်ဘက်က ဝင်မစွက်ဖက်သင့်ပါဘူး။ သင်က Hip Hop Music ကို နှစ်သက်လို့ သူပါ လိုက်နားထောင်ရမယ်ဆိုတာမျိုးတွေ၊ သင်က တီရှပ်ဝတ်တာကို သဘောကျလို့ သူ့ကိုပါ တီရှပ်ပဲ တစေဝတ်ရမယ်ဆိုတာမျိုးတွေက Relationship တစ်ခုမှာ လုံးဝကို မဖြစ်သင့်တဲ့ဝင်ရောက်စွက်ဖက်မှုတွေပဲ ဖြစ်ပါတယ်။ သင် သူ့ကို ချစ်ခင်နှစ်သက်တယ်မလား။ အရှိကို အရှိအတိုင်းသာ လက်ခံပါ။

လျှို့ဝှက်ချက်တွေ

ဒါကတော့ သူ့ရဲ့ Privacy ကို လေးစားဖို့ပါပဲ။ သူရဲ့ Email တွေကို ဝင်မွှေတာ၊ သူ့ရဲ့ Facebook Account ကို ဝင်ရောက်သုံးတာတွေက သဘောထားကြီးတဲ့ ချစ်သူတစ်ယောက်ရဲ့ အပြုအမူမျိုး လုံးဝမဟုတ်ပါဘူး။ သင့်ချစ်သူရဲ့ Email မှာ သူ့ရဲ့အလုပ်ကိစ္စတွေ၊ မိသားစုရေးရာတွေနဲ့ တစ်ခြားကိုယ်ရေးကိုယ်တာတွေ ရှိနေနိုင်ပါတယ်။ Facebook မှာလည်း ထို့နည်းတူပါပဲ။ ဒါကြောင့် တစ်ချို့ ကိုယ်ရေးကိုယ်တာတွေက သင်ကို ကွယ်ဝှက်ထားတာမျိုးမဟုတ်ပေမယ့် သင် မသိသင့်တာမျိုးတွေ၊ သိလည်း စိတ်ညစ်ရုံမှတစ်ပါး ဘာမှကောင်းကျိုးမရနိုင်တဲ့ကိစ္စမျိုးတွေကို သင့်ကို မတွေ့မမြင်စေချင်တာမျိုးတွေ ရှိကိုရှိပါလိမ့်မယ်။ ဒါကြောင့် သင့်ချစ်သူရဲ့ Privacy ကို လေးစားပါ။

သတင်းအရင်းမြစ် MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။