အသားအရေထိန်းသိမ်းမှုဟာ အသက်အရွယ်နဲ့မဆိုင်ဘဲ ဆယ်ကျော်သက်အရွယ်ထဲကနေ အသက်တွေကြီးလာတဲ့အထိ ပြုလုပ်ပေးသင့်ပါတယ်။ အသားအရေထိန်းသိမ်းတဲ့နေရာမှာလည်း နည်းလမ်းတွေများစွာရှိပေမယ့် အိမ်မှာနေရင်းမီးဖိုချောင်သုံး သဘာဝပစ္စည်းလေးတွေနဲ့ အသားအရေထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

photo credit - pngtree

(၁) သဘောၤသီး

သဘောၤသီးဟာ အရေပြားအတွက်အထူးကောင်းမွန်သော အင်ဇိုင်းများအပြင် phytochemicals များနဲ့ ပြည့်နှက်နေတာကြောင့် beta-carotene ကြွယ်ဝတဲ့ အသီးတစ်သီးအဖြစ် လူသိများပါတယ်။ ဒါ့အပြင် သဘောၤသီးမှာပါတဲ့ Papain လို့ခေါ်တဲ့အာဟာရဓာတ်ဟာအရေပြားကိုတောက်ပစေတဲ့ ဂုဏ်သတ္တိရှိတာကြောင့် တောက်ပပီးဝင်းမွတ်တဲ့ အသားအရေလေးကို ရရှိပိုင်ဆိုင်စေမှာပါ။ အသုံးပြုပုံကတော့ သဘော်သီးကို ပျားရည်၊ သံပုရာရည်တို့နဲ့အတူ ပန်းကန်လုံးတစ်လုံးထဲမှာ ရောစပ်ပြီး မျက်နှာအနှံ့လိမ်းပေးပါ။ ဆယ့်ငါးမိနစ်လောက်ထားပီးရင်တော့ ရေးဆေးချလိုက်လို့ရပါပြီ။

photo credit - pngtree

(၂) ဒိန်ချဉ်

ဒိန်ချဉ်မှာက Lactic acid ပါဝင်တာကြောင့် အရေပြားဆဲလ်သေကောင်များကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်များကိုပြန်လည်ဖြစ်ပေါ်လာစေပါတယ်။ ဝက်ခြံနှင့်ဆားဝက်ခြံများကိုနည်းပါစေပြီး သဘာဝအတိုင်းတောက်ပတဲ့ အသားအရေလေးရရှိအောင် ကူညီပေးနိုင်ပါတယ်။ အသုံးပြုပုံကတော့ ဒိန်ချဉ်အနည်းငယ်နဲ့ အုတ်ဂျုံမှုန့်တို့ကို ပန်းကန်လုံးထဲထည့်ပီးရောစပ်ပါ။ပြီးရင် မျက်နှာအနှံ့ သေသေချာချာလေး လိမ်းပေးပါ။ ဆယ်မိနစ်ကနေ ဆယ့်ငါးမိနစ်လောက်ထားပီးရင်တော့ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။

photo credit - pngtree

(၃) ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဆိုတာ အသားအရေထိန်းသိမ်းရေးပစ္စည်းတွေထဲမှာ လူသုံးများပြီး ထိရောက် မှုအရှိဆုံး ပစ္စည်းတစ်ခုဖြစ်ပါတယ်။ အခုပူပြင်းတဲ့ရာသီဥတုမှာ အသားအရေကို သဘာဝအတိုင်း ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပြီး ဝက်ခြံကြောင့်ဖြစ်တက်တဲ့ ရောင်ရမ်းခြင်းတွေ နေလောင်ဒဏ် ကြောင့် အသားအရေညိုမဲပျက်စီးတာတွေကို သက်သာစေပါတယ်။ အသုံးပြုနည်းကတော့ ရှားစောင်းလက်ပတ်ကို မျက်နှာအနှံ့ ပွတ်ပြီး ၁၅ မိနစ်လောက်အကြာမှာရေဆေးချလိုက်ပါ

photo credit - pngtree

(၄) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဟာ Lycopene ကြွယ်ဝသောအသီးဖြစ်ပြီး ၎င်းဓာတ်ဟာ cellular ပျက်စီးခြင်း နှင့်အရေပြားရောင်ရမ်းခြင်းကိုကာကွယ်ပေးပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီးဟာ နေလောင် ဒဏ်တွေကိုလည်း သက်သာစေပြီး ဝက်ခြံတွေကိုလည်း လျော့ပါးစေတာကြောင့် ဝက်ခြံကင်းပြီး ဝင်းမွတ်တဲ့ မျက်နှာလေးကို ရရှိစေမှာပါ။ အသုံးပြုပုံကတော့ ခရမ်းချဉ်သီးရဲ့ အတွင်းသားလေးတွေနဲ့ ပျားရည်ကို အချိုးကျရောစပ်ပြီး မျက်နှာအနှံ့ လိမ်းပေးပါ။ ဆယ့်ငါးမိနစ်လောက်ထားပြီးရင်တော့ ရေအေးအေးလေးနဲ့ ဆေးချလိုက်လို့ရပါပီ။

photo credit - pngtree

(၅) နို့စိမ်း (မကျိုချက်ရသေးသော နွားနို့)

နို့စိမ်းထဲမှာ များစွာတဲ့ အာဟာရဓာတ်တွေပါဝင်ပြီး ၎င်းအာဟာဓာတ်တွေက အရေပြားကို ချောချောမွေ့မွေ့နဲ့ နူးနူးညံ့ညံ့လေး ဖြစ်စေပါတယ်။ ဒါ့အပြင် နို့စိမ်းထဲမှာ Lactic acid ဓာတ်တွေလဲပါဝင်တာကြောင့် အဆိပ်အတောက်ကင်းပြီး မွတ်တောက်ပတဲ့ အသားအရေလေးကိုပါ ရရှိစေမှာပါ။ အသုံးပြုပုံကတော့ မျက်နှာပေါ်မှာနို့စိမ်းကိုဝါဂွမ်းဖြင့်လိမ်းပြီးနူးညံ့စွာပွတ်ပေးပါ။ ဆယ့်ငါး မိနစ်ခန့်လောက်ထားပြီးရင်တော့ ရေဆေးချလိုက်ရင်တော့ မျက်နှာလေးကအရင်ကထက် နူးညံ့လာတာကို ခံစားရမှာပါ။

Ref Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။