တရုတ်နိုင်ငံ ဆင်မိုရွာမှာ ပြီးခဲ့တဲ့ စနေနေ့က မြေပြိုမှုမှာဖြစ်ပွားခဲ့ပြီး လက်ရှှိမှာတော့ပျောက်ဆုံးနေသူ (၉၀)ကျော်ကို ဆက်လက်ရှာဖွေနေကြောင်း Channel News Asia သတင်းမှာဖော်ပြထားပါတယ်။
အဆိုပါမြေပြိုမှုကြောင့် အိမ်ခြေ (၆၀)ကျော်ပျက်ဆီးကာ လူ(၁၀)ဦး သေဆုံးသွားတယ်လို့ ဒေသခံအုပ်ချုပ်ရေးမှူးကဆိုကြောင်းသတင်းမှာဖော်ပြထားပါတယ်။
ကယ်ဆယ်မှုဆောင်ရွက်ရာမှာ အနံ့ခံခွေးတွေနဲ့အတူ ကယ်ဆယ်ရေး လုပ်သား(၃)ထောင်လောက်က ရှာဖွေမှုတွေ ဆက်လက်ကြိုးစားလုပ်ဆောင်နေပေမယ့် အသက်ရှင်နိုင်မယ့်အခွင့်အရေးတော့ နည်းပါးလျက်ရှိပါတယ် ။
Aung
သတင်းအရင်းမြစ် Channel News Asia
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။