မကြီးစိုးလို့ချစ်စနိုးခေါ်ကြတဲ့ ၀ါရင့်အနုပညာရှင် စိုးမြတ်သူဇာကတော့ အသက်အရွယ်ရလာတာတောင်

အရွယ်တင်လှပနေတုန်းပါပဲ ။ အနုပညာလှုပ်ရှားမှုတွေ များစွာဆက်တိုက်လုပ်နေတဲ့ မကြီးစိုးနဲ့

အခြားသရုပ်ဆောင်တွေပါဝင်သရုပ်ဆောင်ထားတဲ့ သူငယ်ဆိုတဲ့ ဇာတ်ကားကြီးဟာ ရုံစတင်ထဲက ပရိတ်သတ်တွေ

အကြိုက်တွေ့နေပြီး အောင်မြင်မှုရရှိထားတဲ့ ဇာတ်ကားကြီးတစ်ကားပါ ။ ထိုဇာတ်ကားမှာ စိုးမြတ်သူဇာ ၊ ခိုင်သင်းကြည် ၊ ထွန်းအိန္ဒြာဗိုလ် စတဲ့ ၀ါရင့်သရုပ်ဆောင်တွေဝန်းရံပြီး ပရိတ်သတ်အချစ်တော် ကျော်ထက်အောင်ကလဲပါဝင်သရုပ်ဆောင်ထားပါတယ် ။

ထိုဇာတ်ကားကိုရိုက်ကူးခဲ့စဉ်က ကျော်ထက်အောင်နဲ့ မကြီးစိုးတို့ရဲဲ့ ဇာတ်ဝင်ခန်းပုံတွေဟာ ပျံနှံသွားခဲ့ပြီး ကျော်ထက်အောင်ကို

စိုးမြတ်သူဇာရဲ့ ချစ်သူကောင်လေးလို့အထင်မှားခဲ့ကြတာပဲဖြစ်ပါတယ် ။ ဒီလိုသတင်းတွေထွက်ခဲ့တဲ့ အပေါ် စိုးမြတ်သူဇာက

" သူနဲ့တောင် စကားအများကြီးမပြောဖြစ်ဘူး ။ ဘာကြောင့် ချစ်သူတွေလို့ထင်လဲ မသိတော့ပါဘူး ။ မကြီးက စီခနဲဆို ထိပ်ဆုံးကပဲ ။

ဒေါင်ခနဲဆိုပါသွားပြီ ။ ပြီးမှမဟုတ်ဘူးဆိုတာနောက်မှရှင်း ။ လောလောဆယ်တော့ နာမည်ကအရင်ထွက်သွားပြီ ။ သုံးယောက်ရိုက်တာ

ကိုယ်တစ်ယောက်ထဲနာမည်ထွက်တယ် ။ ကောင်းသေးလား ။ ကိုယ်တောင်သူ့မျက်နှာကြည့်ရမှာအားနာနေတယ် ။ " လို့ ဆိုပါတယ် ။ 

ကျော်ထက်အောင်ကလည်း မကြီးစိုးနဲ့ ပုံတွေဟာ ဇာတ်ဝင်ခန်းပုံတွေဖြစ်ပြီး သူ့ရဲ့ ချစ်သူက အပြင်ကမိန်းကလေးပါ လို့ Myanmar Celebrity ကိုဖြေကြားထားဖူးပါတယ် ။ 

အနုပညာလောကသားတွေအတွက်တော့ ကောလဟာလဆိုတာ မကြာမဏရင်ဆိုင်ရလေ့ရှိတဲ့ ပြသာနာပါ ။ အချိန်ကြာရင်တော့ မဟုတ်တဲ့ကောလဟာလတွေ ဆိုတာပျောက်ကွယ်သွားတာပါပဲ ။ မကြီးစိုးကို အားပေးတဲ့ ပရိတ်သတ်တွေ ရှိရင်ပြောသွားဦးနော် ...  

သတင်းအရင်းမြစ် popular and myanmar celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။