ဒီနှစ်ကတော့ ကိုရီးယားရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးချော Jun Ji Hyun ရဲ့ Lucky Year လို့တောင်ဆိုရမှာပါ ။

လွန်ခဲ့တဲ့လပိုင်းကမှ မင်းသားလီမင်ဟိုနဲ့ legend of the blue sea ဇာတ်ကားမှာ ရေသူမဇာတ်ရုပ်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး

အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့တဲ့အပြင် ခုလက်ရှိမှာလဲ ခင်ပွန်းသည်နဲ့ ဒုတိယရင်သွေးကို ထပ်မံလွယ်ထားရပြီးဖြစ်ကြောင်းကို တရားဝင်ကြေညာလိုက်ပါပြီ ။

ပထမ ရင်သွေး သားလေးကို ၂၀၁၆ ဖေဖော်ဝါရီ ၁၀ ရက်နေ့က

မွေးဖွားခဲ့တာဖြစ်ပြီး ခုရင်သွေးလေးကတော့ ၁၀ ပါတ်ပဲရှိပါသေးတယ်တဲ့ ။ ခင်ပွန်းဖြစ်တဲ့ Choi Joon Hyuk ကလည်း ကိုရီးယားရဲ့

စီးပွားရေးလောကမှာ နာမည်ကြီးတစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ ၂၀၁၀ မှာ စတင်တွေ့ဆုံခဲ့ကာ ၂၀၁၂ ခုနှစ်မှာ မင်္ဂလာဆောင်ခဲ့ကြတာပဲဖြစ်ပါတယ် ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။