သရုပ်ဆောင် ခင်စိုးပိုင်ရဲ့ သားဖြစ်သူ ကြည်ဖြူအောင်ဟာ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပါပြီ ။

နိုင်ငံဂုဏ်ဆောင်နိုင်ဖို့ Mister ပြိုင်ပွဲတွေလည်း ယှဉ်ပြိုင်ထားတဲ့ ကြည်ဖြူအောင်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို မိခင်ဖြစ်သူကတော့

ကျေနပ်အားရမှုမရှိသေးပေမယ့် သားဖြစ်သူကလည်း နာမည်ကြီးသရုပ်ဆောင် မိခင်နာမည်ကိုခုတုံးလုပ်ပြီး အနုပညာလောကထဲမဝင်ချင်ဘူး ဆိုတဲ့ အကြောင်းကိုမိခင်ဖြစ်သူ ခင်စိုးပိုင်က အောက်ပါအတိုင်းပြောပြထားပါတယ် ။

" ကျေနပ်မှုတော့မရရှိဘူး အိုက်တင်တော့လုပ်နိုင်တယ် ။ ဒါပေမယ့် ဖြစ်ဖို့ အတွက်ပဲနောက်က ပံ့ပိုးမှုလိုတာ ။ သားက Mister ပြိုင်ပွဲတွေမှာလဲ သွားပြိုင်ခဲ့ရတော့ အတွေ့အကြုံတွေ လည်းရခဲ့တယ် ။ အန်တီပိုင်သူ့ကိုတစ်ခုကြိုက်တာက ပြိုင်ပွဲတွေပြိုင်ရင် ခင်စိုးပိုင်သားဆိုပြီး မပြိုင်ခဲ့ဘူး ။ သူ့ဘာသာသူပြိုင်တယ် ။ သူ့အနေနဲ့လည်း အန်တီနာမည်ကို ခုတုံးလုပ်ပြီးမဝင်ချင်ဘူး ။ အဲဒါကို အန်တီပိုင်အရမ်းကြိုက်တယ် " လို့ Popular Journal ကအင်တာဗျူးမှာဆိုထားပါတယ်် ။ 

မိခင်တစ်ယောက်မို့သားဖြစ်သူကို အနုပညာအလုပ်နဲ့ ပါတ်သတ်ပြီး မပင်ပန်းစေချင်တဲ့အကြောင်းကို

" သူဝါသနာပါတဲ့ အလုပ်လေးကို ကိုယ်ကတော့ လုပ်စေချင်တယ် ။ ဒါပေမယ့် လောလောဆယ်က သူ့ကိုယ်ပိုင်လုပ်ငန်းတွေရှိတယ် ။ အန်တီပိုင်အနေနဲ့ကတော့ ကိုယ့်ရဲ့ သွေးသားတစ်ယောက်က ကိုယ့်နောက်ကိုလိုက်လာတော့ ဝမး်သာတယ် ။ ဖြစ်စေချင်တယ် ။ ဒါပေမယ့် အနုပညာသမားဆိုတာ ပင်ပန်းတယ် ။ လုပ်ရင်လည်း ကိုယ့်သားကိုအောင်မြင်စေချင်တယ် ။ တစ်ချို ့အိုက်တင်မတော်ရင် ပြောတာတွေ ဆဲတာတွေ ဒီလောကမှာရှိပါတယ် ။ အန်တီပိုင်တို့ ခေတ်တုန်းက ဒါရိုက်တာတွေ ဆဲဖို့ မပြောနဲ့ အနားကို လက်ဖျားနဲ့တောင်တို့တာမဟုတ်ဘူး ။ ကိုယ့်သားသမီးကိုပြောခံရမှာ အရမ်းစိုးတယ် " လို့ ဆိုပါတယ် ။

အန်တီခင်စိုးပိုင်ရဲ့ အနုပညာမျိုးဆက် ကြည်ဖြူအောင်ရဲ့ ပုံလေးတွေ ကို ပရိတ်သတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ် ... 

သတင်းအရင်းမြစ် Popular Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။