ရှာရှာလို့ ချစ်စနိုးခေါ်ခံရတဲ့ ပတ်ထရစ်ရှာဟာ လူမှုကွန်ရက်မှာလည်း သူမရဲ့ ချစ်စရာကောင်းတဲ့ဟန်ပန်အမူအရာလေးတွေကြောင့် ယောကျာ်းသားပရိသတ်တွေကြား နာမည်ကြီးနေသူလေးပါ။

အနောက်တိုင်းဆန်တဲ့ မျက်နှာလေးနဲ့ ချစ်စရာကောင်းသူ မော်ဒယ်သရုပ်ဆောင် ပတ်ထရစ်ရှာဟာ အသက်ငယ်သေးပေမယ့် ဇာတ်ကားတွေလည်း အတော်လေးရိုက်ကူးနေရပြီဖြစ်သလို ဘိုမ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း သရုပ်ဆောင်ထားပါသေးတယ်။

ဇွန်လ(၂၆)ရက်နေ့မှာတော့ ရှာရှာ နဲ့ အသားဖြူဖြူနိုင်ငံခြားသားတစ်ဦး လက်ချင်းတွဲပြီး လမ်းလျှောက်သွားတဲ့ ပုံရိပ်တွေက လူမှုကွန်ရက်မှာ ပျံ့နှံ့လျက်ရှိပြီး Share တဲ့သူကလည်း ရှဲကြပါသေးတယ်။

ရှာရှာနဲ့ အဆိုပါနိုင်ငံခြားသားတစ်ဦး ရဲ့ အမှတ်မထင်ပုံရိပ်တွေကို ဖေ့ဘုတ်သုံးစွဲသူတစ်ဦးက တင်ထားပြီး သူမကိုချစ်တဲ့ပရိသတ်တွေကတော့ အသဲတွေကုန်ပြီဆိုပြီး ရေးကာ ထင်မြင်ချက်အမျိုးမျိုးပေးထားကြပါတယ်။

ဒီကိစ္စကို ရှာရှာကိုယ်တိုင်က အတိအလင်းပြန်ဖြေရှင်းထားခြင်းမရှိသေးပေမယ့် ရှာရှာ ရဲ့ ဖေ့ဘုတ်မှာ ပြောထားတဲ့ သူမရဲ့ Bf(boyfriend) ချစ်သူအစစ် ဆိုတဲ့ အသုံးနှုန်းရယ် အဖြူကောင် ကို ထုတ်ပြလိုက်ရမလားဆိုတဲ့ အရေးသားတွေကြောင့် ပရိသတ်တွေကတော့ အဖြူကောင် ဆိုတာ ရှာရှာရဲ့ ချစ်သူဆိုပြီး တထစ်ချ ပြောနေကြပါတယ်။

မကြာသေးမီရက်ပိုင်းက လူမှုကွန်ရက်မှာ ရှာရှာ နဲ့အတူ ယောကျာ်းလေး သူငယ်ချင်းတစ်ဦး တရင်းတနှီးခါးဖက်ထားတဲ့ ပုံရိပ်တွေကလည်း လူပြောများကာ ဂယက်ထသွားခဲ့ပါသေးတယ်။

အဲ့ဒီကိစ္စကတော့ ရှာရှာဟာ သူမကိုချစ်ခင်ရင်းနှီးတဲ့သူငယ်ချင်းတွေ ၊ပရိသတ်တွေနဲ့ အခုလို တရင်းတနှီးနေလေ့ရှိတယ်လို့ ပြန်ဖြေရှင်းထားပါတယ်။  

သတင်းအရင်းမြစ် Nay Htut fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။