ခွေးဆိုတာ လူတွေရဲ့ အဖော်မွန်ကောင်းလို့ပြောကြပါတယ်။ သို့ပေမယ့် ဒီအဖြစ်အပျက်ကို ဖတ်ပြီးရင်တော့ ခွေးဆိုတာ လူတွေရဲ့ မိတ်ဆွေ ဆိုတဲ့စကားကို ရာခိုင်နှုန်းပြည့်ယုံတော့မှာမဟုတ်ပါဘူး။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အင်္ဂလန်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီမိသားစုတစ်စုဟာ အဖြစ်အပျက်ဆိုးတွေဖြစ်ပွားခဲ့မယ်ဆိုတာသိခဲ့ရင်သူတို့ အိမ်ပြောင်းလာခဲ့မှာ မဟုတ်ပါဘူး။ ဖြစ်စဉ်က တော့ ခွေးတစ်ကောင်ဟာ ၄ လအရွယ်ကလေးငယ် နှင့် ၁နှစ်ကျော်သာရှိသိသေးတဲ့ ထိုကလေးရဲ့ အစ်ကို ကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကလေးတွေ အကိုက်ခံရတဲ့ အချိန်မှာတော့ ကလေးတွေ အမေဟာ ရေချိုးခန်းထဲရောက်ရှိနေတယ်လို့သိရပြီး အသံကြားကြားခြင်းဘဲ ရေချိုးခန်းထဲက ပြေးထွက်လာခဲ့တယ်လို့ပြောပါတယ်။

ကလေးတွေကို ကိုက်ခဲ့တဲ့ ခွေးက တယ်ရီယာ နှင့် ခွေးဘီလူးစပ်ထားတဲ့ ခွေးဖြစ်ပြီး ယခုအဖြစ်အပျက်မှာ ၄လ အရွယ်ကလေးလေးဟာ သေဆုံးသွားခဲ့ပြီး ၁ နှစ်ကျော်ကလေးလေးကတော့ ဆေးရုံပေါ်တင်ရထားရဆဲပဲဖြစ်ပါတယ်။ ကလေးအမေဟာလည်း ကလေးတွေကို ကယ်ရင်းကပင် ဒဏ်ရာတွေရခဲ့တယ်လို့ပြောပါတယ်။

ထိုခွေးဟာ ကလေးတွေ ရဲ့ အိမ်နီးနားချင်းအိမ်က ခွေးလို့သိရပြီး သူ့နယ်မြေကို လာရောက်တဲ့ သူစိမ်းလို့ ယူဆပြီး တိုက်ခိုက်ခဲ့တာလို့ ရဲအရာရှိတွေကပြောကြပါတယ်။ ရဲတွေကတော့ ဒီမှုခင်းမှာ ဘယ်သူမှ ဖမ်းဆီခံရတာမရှိပါဘူးလို့ဆိုခဲ့ပါတယ်။ ကလေးငယ်ရဲ့ မိခင်ကတော့ 'ကျွန်မ ကလေးတွေဟာ တကယ့်ကို အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းတဲ့ ကလေးလေးတွေပါ။ ကျွန်မရဲ့ သားငယ်လေးကို သူမ အချိန်မှီမကယ်နိုင်တာအရမ်းကို နောင်တရပါတယ်' လို့ ငိုရင်းပြောခဲ့ပါတယ်။

ခွေးက အပြင်းအထန်ကိုက်နေတဲ့အချိန်မှာ ၁ နှစ်အရွယ်ကလေးလေးဟာ ထွက်ပြေးကောင်းထွက်ပြေးနိုင်ပေမယ့် လူ့ဘဝဆိုတာ ဘာမှန်းတောင်မသိသေးတဲ့ ၄လ သာရှိသေးတဲ့ အနှီးထဲက ကလေးလေးကတော့ အကိုက်ခံရုံမှတပါး ဘာမှပြန် မခုခံနိုင်ရှာခဲ့ပါဘူး။

ကလေးငယ်ကို ကိုက်သတ်ခဲ့တဲ့ခွေးကိုတော့ ဖျက်ဆီးဖို့ ခေါ်ဆောင်သွားပြီဟုသိရသော်လည်း အပြစ်မဲ့တဲ့လေးလအရွယ်ကလေးရဲ့ အသက်ကတော့ ဆုံးရှုံးသွားခဲ့ပါတယ်။

translated by Anna

Source: dailymail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။