မြန်မာပြည်က မိန်းကလေးထုကြီးအတွက် make up နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ ဘယ်လို product မျိုးသုံးသင့်တယ်ဆိုတဲ့ မှန်ကန်တဲ့ review တွေမျှဝေပေးလေ့ရှိတဲ့ Beauty Blogger မမ လှလှ နေခြည်ဦးရဲ့ အချစ်ရေးကလည်းဂပရိသတ်တွေကြား စိတ်ဝင်စားစရာပါ။ နာမည်ကြီး မင်းသားတစ်ဦးနဲ့တွဲနေတာဖြစ်ပြီး တလောကတောင် မွေးနေ့ surprise လုပ်ပေးခဲ့ပါသေးတယ်။

လက်ရှိမှာတော့ သူမဟာ သူမရဲ့ ကိုယ်ပိုင် Brand တစ်ခုထုတ်ဖို့လုပ်နေတာဖြစ်ပြီး သူမရဲ့ ပရိသတ်တွေကတော့ အားပေးဖို့အသင့်စောင့်နေကြပါတယ်။ လတ်တလော ပရိသတ်စိတ်ဝင်စားနေတဲ့ သူမရဲ့ အချစ်ရေးကိုလည်း ယခုလိုပဲ ပြောပြထားတာတွေ့ရပါတယ်။

"နေခြည့်အချစ်ရေးကတော့ အေးဆေးပါပဲ။ အားလုံးလည်း သိတယ်ဆိုတော့ ဘာမ ထွေထွေထူးထူးမရှိပါဘူး။ အနုပညာရှင်ဆိုပြီးတော့လည်း တွဲတာမဟုတ်ပါဘူး။ ဒါ နေခြည်တို့ အဆင်ပြေလို့ပါ။ Public ထဲကိုဝင်ဖို့ကျ နေခြည်ကအသစ်လေ။ဂနေခြညိက အနုပညာအသိုင်းအဝိုင်းက လာတာလည်း မဟုတ်ဘူး။ ပြီးတော့ Blogger တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံမှာရပ်တည်ဖို့ဆိုတာ အသစ်အဆန်း ဖြစ်နေတာပေါ့နော်။ လူတွေတော်တော်များများက Beauty Blogger ဆိုတာဘာမှန်းမသိတဲ့အချိန်မှာ ကိုယ့်အတွက်က ဒီလိုမျိုးကိုယ့်ကိုအားပေးတဲ့သူတွေ အများကြီးရှိမှ ဒီလိုမျိုးရပ်တည်ဖို့ ကိုယ့်ကိုနောက်က supporting အများကြီး ပေးခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း သူ့ရဲ့ Branding အနေနဲ့ တစ်ခုဖောက်ချင်တာရှိရင်တော့ နေခြည်တို့လည်း ကူညီဖို့ တစ်ယောက်နဲ့တစ်ယောက် supporting လုပ်ဖို့တော့ ရှိတာပေါ့။ ဒါပေမဲ့ နေခြည်ကတော့ ဒီလိုကိုယ်ပိုင် product ထုတ်ဖို့ဆိုတာ နေခြည်ရဲ့ main ဆိုတော့ နေခြည်ပဲ အရင်စထုတ်ဖြစ်ဖို့ရှိပါတယ်" လို့ နေခြည်ဦးက MC သို့ ဖြေကြားထားပါတယ် ပရိသတ်ကြီးရေ........

Source: Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။