ဘန်ကောက်ရောက် ကိုရန်လေးရဲ ့အမှတ်တရပုံရိပ်များ

ပရိသတ်ကြီးရေ အကယ်ဒမီများရှင်ကိုရန်လေးဟာ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ နို်င်ငံကျော်အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ `

လူကြီးလူငယ်မရွေးအားပေးချစ်ခင်ကြတဲ့ ကိုရန်လေးဟာ ဘန်ကောက်မှာ ကျန်းမာရေးအတွက်ဆေးစစ်ဖို ့ ရောက်ရှိနေချိန်မှာ ရိုက်ကူးဖြစ်ခဲ့တဲ့

သူ ့ရဲ ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာကနေပြန်လည်မျှဝေခဲ့ပါတယ်။

ကိုရန်လေးက သူ ့အနေနဲ ့ဘန်ကောက်ရောက်ပြီး ဒီရက်အတွင်း အလုပ်တွေနည်းနည်းရှုပ်နေတဲ့အတွက် ပုံတွေမတင်ဖြစ်တာကို ခွင့်လွှတ်ပါလို ့လည်း

ပရိသတ်ကြီးကို ပြောခဲ့ပါတယ်။ ကိုရန်လေးရဲ ့အခုချိန်ထိ နုပျိုလန်းဆန်းနေတဲ့ ပုံလေးတွေကိုတော့ ပရိသတ်ကြီးက အခုလိုပဲတွေ ့မြင်နိုင်ပါတယ်နော်။

အခုလို ဘန်ကောက်ကို ရောက်ရှိချိန်မှာ ကိုကျော်သူတို ့နဲ ့တွေ ့ဆုံခဲ့တဲ့ အကြောင်းကိုတော့ ကိုရန်လေးက

“ ဒီနေ့ နေ့လည် ဆေးရုံရောက်တုန်း ချစ်တဲ့အစ်ကို(ကိုကျော်သူ) လည်း နှလုံးသွေးကြောတွေ အတွက်လာပြရင်း ဆုံကြပါတယ်..(ချုပ်ရိုးတွေသေခြာကြည့်ပြီး ကိုကျော်သူ အမြန်ဆုံးကျန်းမာလာစေရန် ဆုတောင်းမိလေသည်)

ကိုကျော်သူ အတော်လေးသက်သာကောင်းမွန်လာတဲ့အတွက် အလွန်ဝမ်းသာပီတိဖြစ်ရတယ်..အစ်မမရွှေဇီးကွက်လည်း နုပြီးလှနေတဲ့အတွက် ကျေနပ်ရပြန်တယ်(ကိုကျော်သူတို့ ဇနီးမောင်နှံနဲ့ နိူင်ငံခြားမှာဆုံတာဆိုရင် ဂျပန် ရယ် အော်စတြေးလျ ရယ် ထိုင်း ရယ် အမှတ်မထင်ဆုံမိကြတာ အမှတ်တရပါဘဲခင်ဗျာ) ” လို ့ပြောပြသွားခဲ့ပါတယ်။

သတင်းအရင်းမြစ် Ko Yan Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။