Snare အဖွဲ့မှ ရက်ပါအဆိုတော် ဖြိုးလေးနဲ့ မော်ဒယ်သရုပ်ဆောင် အဆိုတော် ၀ါဆိုမိုးဦး တို့စုံတွဲကတော့ မြင်ရတာစိတ်ချမ်းသာစရာပါပဲ။

ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်နေတဲ့ ဖြိုးလေးတို့စုံတွဲကို ပရိသတ်တိုင်းက စိတ်ဝင်စားနေကြသလို လိုက်ဖက်ညီတဲ့ စုံတွဲလေးလို့ ပြောစမှတ်ပြုကြပါတယ်။

ဇွန်လ(၂၆)ရက်နေ့မှာတော့ ဖြိုးလေးတို့စုံတွဲ ဟာ (၇)မိုင်ကမ်းခြေမှာ အပန်းဖြေခရီးထွက်နေပြီး Motor Boat စီးနေတဲ့ ပုံလေးတွေကို ဖေ့ဘုတ်အကောင့်မှာ တင်ထားပါတယ်။

ပုံထဲမှာတော့ ဖြိုးလေးက စက်မောင်းနေပြီး ၀ါဆိုက အနောက်ကနေ ဖက်ထားတာကိုတွေ့ရပါတယ်။

ပျော်ရွှင်ကြည်နူးနေတဲ့ သူတို့စုံတွဲရဲ့ ပုံရိပ်တွေကတော့ ပရိသတ်တွေကို အားကျစေပါတယ်တဲ့။

သတင်းအရင်းမြစ် Phyolay fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။