နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ tatto အသစ်လေးတွေကို သူမရဲ့ လူမှုစာမျက်နှာကတဆင့် ပရိသတ်တွေဆီ ချပြခဲ့ပါတယ်။ တက်တူးချစ်ကြတဲ့ အနုပညာရှင် မင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ သင်ဇာဟာ ယခင်ကလည်း သူမခန္ဓာကိုယ်ပေါ်မှာ တက်တူးထိုးထားဖူးပြီး ပရိသတ်တွေကို ပြခဲ့ဖူးပါတယ်။ ဒီတစ်ခါ ထိုးထားတဲ့ တက်တူးလေးကတော့ စုံတွဲပုံလေးနဲ့ ရုပ်ရှင်သင်္ကေတလေးကို အမှတ်တရရေးထိုးထားတာပဲ ဖြစ်ပါတယ်။

သင်ဇာဟာ ပွင့်ပွင့်လင်းလင်း နေထိုင်တတ်သူတစ်ဦးဖြစ်ပြီး အင်တာဗျူးတွေမှာလည် အမြဲပွင့်လင်းစွာ ဖြေဆိုလေ့ရှိသူပါ။ တလောကလည်း သူမချစ်သူနဲ့ တရားဝင်ပြတ်ဆဲခဲ့တာကို ပရိသတ်တွေ သိရအောင် အတိအလင်းကြေညာခဲ့ပါတယ်။ သူမရဲ့ လှုပ်ရှားမှုလေးတွေ အမှတ်တရလေးတွေကိုတော့ သူမရဲ့ facebook မှာတင်လေ့ရှိပြီး ပရိသတ်တွေဆီ မျှဝေပေးလေ့ ရှိသူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ အနုပညာအလုပ်တွေကိုပဲ ဆက်တိုက်လုပ်ကိုင်နေပြီး မကြာခင်ကမှ ရုံတင်ထားတဲ့ သူမပါဝင်ထားတဲ့ "ဝိညာည်ကကြိုး" ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေကြား အတော်လေး ပေါက်ခဲ့ပါတယ်။ ကဲ ပရိသတ်ကြီးအတွက် သင်ဇာရဲ့ ဓာတ်ပုံလေးတွေနဲ့ တက်တူးအသစ်ပုံလေးတွေ ကူးယူဖော်ပြပေးလိုက်ပါတယ်နော်.......

Source: Thin Zar Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။