မြန်မာ့အနုပညာလောကရဲ့ ပရိသတ်အားပေးမှုအများဆုံးနဲ့ အချစ်ဆုံး အနုပညာရှင်စုံတွဲတစ်တွဲကတော့ ပြေတီဦးနဲ့ အူဝဲတို့ စုံတွဲပဲဖြစ်ပါတယ်။ နှစ်ယောက်လုံးက ထိပ်တန်းအနုပညာရှင်တွေဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေလည်း အတူရိုက်ကူးထွက်ရှိခဲ့ပါတယ်။ ယခုတခါလည်း သူတို့နှစ်ယောက်အတူရိုက်ကူးထားတဲ့ ဇာတ်ကားဟာ ရုံမတင်ခင်မှာပဲ ပရိသတ်တွေကြား ရေပန်းစားနေပါတယ်။

ဒါရိုက်တာ "ဝိုင်း" ရိုက်ကူးထားတဲ့ "ရင်ဘတ်ထဲကဓား" ဇာတ်ကားမှာ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေဖြစ်ကြတဲ့ ပြေတီဦး ထွန်းအိန္ဒြာဗိုလ် အိန္ဒြာကျော်ဇင် မေကဗျာ တို့ပါဝင် ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ အူဝဲရဲ့ သရုပ်ဆောင်ချက်တွေဟာ ပရိသတ်တွေကို မင်သက်စေခဲ့ပါတယ်။ ပရိသတ်တွေသာမက ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ "ဝိုင်း" ကိုယ်တိုင်ပါ အူဝဲအတွက် အကယ်ဒမီမှန်းထားပေးပြီး အူဝဲကိုယ်တိုင်လည်း အကယ်ဒမီလိုချင်တယ်လို့ ဆိုပါတယ်။

ဒီဇာတ်ထဲက အူဝဲရဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သတ်ပြီး ပြေတီဦးကတော့ ယခုလိုပဲ ပြောပါတယ်။

"သူ့ရဲ့ သရုပ်ဆောင်မှုနဲ့ပတ်သတ်ပြီး ကျွန်တေယ့်အနေနဲ့ တစ်ကားလုံးမှာတော်တော်ကို အားရတဲ့ကားတစ်ကားလို့ ပြောလို့ရပါတယ်။ အကယ်ဒမီ ရတယ်မရဘူးဆိုတာတော့ အကြောင်းတရားတွေ မမြင်နိုင်တဲ့ကံတရားတွေနဲ့လည်း အများကြီးဆိုင်တော့ ကျွန်တော့်အနေနဲ့ မပြောတတ်ဘူးပေါ့နော်။သူ့ရဲ့ သရုပ်ဆောင်မှုအပိုင်းကတော့ ဒီကားမှာအရမ်းကို ကောင်းမွန်ပါတယ်" လို့ ပြေတီဦးက သုံးသပိခဲ့ပါတယ် ပရိသတ်ကြီးရေ....

Source: Cele ရပ္ကြက္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။