အပြစ်ကင်းစင်တဲ့(၉)လအရွယ် ကလေးလေးတစ်ယောက် ကွပ်ပစ်အောက်ကမြွေကြောင့် အသက်ဆုံးရှုံးသွား

ဒီအကြောင်းကိုစိတ်မကောင်းဖြစ်ရလွန်းလို့

မတင်ချင်ပါဘူး။ ကလေးရှိတဲ့ မိသားစုတိုင်း သတိထားလို့ရအောင်တင်ပေးလိုက်တာပါ

ဒါပေမယ့်ကာယကံရှင်မိသားစုရဲ့

တောင်းဆိုမှု့ကြောင့်တင်ပေးလိုက်ပါတယ် 

မျက်စိတမှိတ်လျှပ်တပျက်အတွင်းလေးမှာ

အပြစ်ကင်းစင်တဲ့(၉)လအရွယ် ကလေးလေးတစ်ယောက်လူ့လောကနေကျောခိုင်းထွက်ခွာသွားလိုက်ရပါတယ်

ဘာကြောင့်လဲ???အလွန်ရက်စက်

လွန်းတဲ့မြွေဟောက်တစ်ကောင်ကြောင့်ပါပဲ အိပ်ခန်းအတွင်းဆော့ကစားနေတဲ့

ကလေးလေးဟာ အခန်းတွင်းဝင်အောင်းနေတဲ့မြွေးဟောက်

တစ်ကောင်ရဲ့အဆိပ်​သင့်ခဲ့ရပါတယ်

ကွပ်​ပစ်အောက်မှာဒီမြွေရှိနေတယ်ဆိုတာ ဘယ်သူမှသတိမထားမိလိုက်ကြလို့ အခုလိုုအဖြစ်ဆိုးနဲ့ကြုံတွေ့လိုက်ရတာပါ ကျနော့်သူငယ်ချင်းရဲ့သားလေးလို

အဖြစ်ဆိုးမျိုးနဲ့မကြုံရလေအောင် အိမ်ရှင်မများ အိမ်သန့်ရှင်းရေးအမြဲလုပ်ကြပါ

မိမိရဲ့ရင်သွေးသက်ရှည်ကျန်းမာဖို့ မိခင်ရောဖခင်ပါတာဝန်ရှိတယ်လို့

အကြံပြု ပါရစေ အပြစ်မဲ့တဲ့သားလေး

ကောင်းရာမွန်ရာရောက်ပါစေလို့

ဆုတောင်းရင်းစိတ်မကောင်းစွာဖြင့်

စုံစမ်းရန်

လမင်းမောင်(ခ)ရွှေကြီး

အမှတ် ၁၄၅၇ ကျောက်စိမ်းလမ်း ၅ရရပ်ကွက် တောင်ဒဂုံလို့ ဒီလိုစိတ်မကောင်းစရာ အဖြစ်အပျက်ကို သတိထားမိအောင် ပြန်လည် မျှဝေပေးထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။