မြန်မာပြည်ရဲ့ နာမည်ကျော် မိတ်ကပ်ဖန်တီးရှင်တွေထဲက တစ်ဦးဖြစ်တဲ့ မကြီးစန်းကို ပရိသတ်ကြီး ရင်းနှီးပြီးသားဖြစ်မှာပါ။ မိတ်ကပ်ပညာမှာသာမက သရုပ်ဆောငိပိုင်းမှာလည်း ပါရမီပါတဲ့ ကြီးစန်းက "မကြီးစန်းနဲ့ သူ၏ချစ်သူများ" ဆိုပြီး ဇာတ်ကားလည်း ရိုက်ခဲ့ပါသေးတယ်။ ဒီဇာတ်ကားက သူမရဲ့ ဘဝတစိတ်တဒေသကို ပုံဖော်ထားတာဖြစ်ပြီး ပရိသတ်တွေက သူမကို ဂရုဏာသက်ခဲ့ကြပါတယ်။

အချစ်ရေးနဲ့ပတ်သတ်ပြီး ခံစားခဲ့ရတဲ့ မကြီးစန်းတစ်ယောက်ကတော့ ယခုတစ်ခါ သူမအချစ်ရေးနဲ့ပတ်သတ်ပြီး ပရိသတ်ကို ထပ်မံချပြလိုက်ပါပြီ။ လက်ရှိ သူမမှာ ချစ်သူရှိနေပြီး ချစ်သူကလည်း သူမတို့ အနုပညာအသိုင်းအဝိုင်းထဲကပဲဖြစ်တယ်လို့ မကြီးစန်းက ဆိုပါတယ်။

"လက်ရှိအချစ်ရေးကလေ အေးစက်နေတယ်လို့

ပြောလို့ရတယ်။ အေးပါတယ် မကြီးစန်းချစ်သူက အေးပါတယ်။ ဒါပေမဲ့လည်း မကြီးစန်းတို့ ဒီပ တ်ဝန်းကျင်တိုက်ခိုက်မှုတွေ သူလည်းဒီနယ်ပယ်ထဲကဆိုတဲ့အခါကျတော့ အဓိကပရိသတ်အနြင်တစ်မျိုးဖြစ်သွားမှာဆိုးလို့ပါ။ သူက မင်းသားတစ်ယောက်ပါ။ အသိမပေးချင်ဘူး။ နောက်တစ်ခါထပ်လည်း အကွဲမခံနိုင်ဘူး အဖြစ်လည်းမခံနိုင်ဘူးပေါ့လေ။ တကယ်တမ်းကျ မကြီးစန်းရိုက်တဲ့ ဇာတ်လမ်းထဲမှာပါသလို accident ပေါ့လေ။ ယောက်ျားလေးတစ်ယောက်က အခြောက်တတစ်ယောက်ကို ချစ်တယ်တွေ ကြိုက်တယ်တွေဆိုတာ သဘာဝတရားအရ မဖြစ်နိုင်ဘူးပေါ့လေ။ တကယ်တမ်းလည်း မရှိဘူးပေါ့။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်အမှတ်မထင် ခင်မင်ရင်းနှီးသွားရာကနေ သံယောဇဉ်ဖြစ်ပြီး ချစ်သွားတာမျိုးကတော့ ဖြစ်လေ့ဖြစ်ထထဲမှာမ ထူးဆန်းတဲ့အရာတစ်ခုပေါ့။ ဒါကို အဓိကက ပတ်ဝန်းကျင်ကလူတွေနားလည်မပေးနိုင်တာရယ် အနုပညာလောကဆိုတော့ ပရိသတ်တွေကလည်း အမြင်တစ်မျိုးဖြစ်မှာ ဆိုးရတယ်လေ။ ဒါ့ကြောင့် တတ်နိုင်သလောက် လူမသိအောင်ဘဲနေဖို့ စိတ်ကူးထားပါတယ်" လို့ မကြီးစန်းက Myanmar Celebrity သို့ပြောပါတယ်။

Source: MC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။