ဒီတစ်ခေါက်မှာတော့ Myanmarload ပရိသတ်တွေအတွက် လိမ္မော်ရည်သောက်သုံးရာကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးချင်ပါတယ်။

လိမ္မော်ရည်ဟာ Vitamin C ပါဝင်တာကြောင့် အရိုးတွေကိုသန်မာစေပြီး ၊ အနာရောဂါတွေနဲ့ သားဖုံးကျန်းမာရေးတို့ကို ကောင်းမွန်စေပါတယ်။

ဒါ့အပြင် လိမ္မော်ရည်ဟာ folate ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကိုလည်း အများကြီး အထောက်အကူပြုပါတယ်။

photo credit - pngtree

လိမ္မော်ရည်ဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ pH နဲ့ urine ကိုတိုးပွားစေတာကြောင့် ကျောက်ကပ်ကျောက်တည်ခြင်းကိုလည်း အထိုက်အသင့် ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် လိမ္မော်ရည်ဟာ ကောင်းမွန်တဲ့ HDL ကိုလက်စထရောပမာဏကိုတိုးပွားစေတာကြောင့် နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူအများကြီးပေးနိုင်ပါတယ်။

ဒ့ါကြောင့် လိမ္မော်ရည်ကို နှလုံးရောဂါသမားတွေရော ကျောက်ကပ်ရောဂါသမားတွေပါ သောက်သုံးပေးသင့်ပါတယ်။

photo credit - pngtree

လိမ္မော်ရည်ဟာ ပုံမှန်သောက်သုံးပေးမယ်ဆိုရင် အနာရောဂါတွေကိုလည်း သက်သာစေပြီးနာတာရှည်ရောဂါဖြစ်နိုင်ချေကိုလည်း လျော့နည်းစေပါတယ်။

ဒါ့ကြောင့် ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေအများကြီးပေးစွမ်းနိုင်တဲ့ လိမ္မော်ရည်ကို ပုံမှန်လေးသောက်ပေးရအောင်နော် ပရိသတ်ကြီး။

Source – Healthline.com 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။