အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်၊ လူမင်းနှင့် ခန့်စည်သူတို့ဟာ ရွာလေးတစ်ရွာ မှာ 'ကြီးလေးကြီး' ဆိုတဲ့ ဇာတ်ကားအမည်နှင့် ရုပ်ရှင်ကား ရိုက်ကူးနေတယ်လို့သိရပါတယ်။ ရိုက်နေတဲ့ အတောအတွင်း ဒါရိုကါတာ မလာသေးလို့ ခဏနားနေတဲ့ သူတို့ နှစ်ယောက်ဟာ Pyay Ti Oo & Eain Dra Kyaw Zin family page ကနေ တဆင့် live လွှင့် ခဲ့ပါတယ်။

သနပ်ခါး ပါးကွက်ကြားပြီး မြန်မာဆန်ဆန် ဝတ်ထားကြတဲ့ သူတို့ နှစ်ယောက်ဟာ တစ်ယောက်နှင့် တစ်ယောက်စနောက်ကာ ပျော်ရွှင်စွာ စကားတွေပြောခဲ့ကြပါတယ်။ ထိုထဲမှာ အူဝဲက live လွှင့်ရင် ပရိသတ်တွေရဲ့ မျက်နှာတွေကို မြင်ရအောင် Zukerberg ကို တောင်းဆိုရမယ်ဆိုပြီး နောက်လိုက်ပါသေးတယ်။ ခိုင်သင်းကြည်ဟာ လည်း မကြာခင် သူမတို့ ဖေ့ဘွတ်ရွာ - ၂ ရိုက်တော့ မှာဆိုပြီးလဲပြောသွားပါသေးတယ်။

ထို live ကို ကျော်ထက်အောင်၊ လူမင်း၊ မေဦး စတဲ့ အနုပညာရှင် အသိုင်းအဝန်းက သူတွေ ဝင်ရောက်ကြည့်ရူ့ခဲ့ကြပါတယ်။ မင်းသမီးကြီး နှစ်ယောက်ဟာ သူတို့ရဲ့ အရှိန်အဝါတွေကို ခွာချပြီး တစ်ယောက်နှင့် တစ်ယောက်ပျော်ရွှင်စွာစနောက်ခဲ့ကြတဲ့ ပုံလေးဟာ ပရိသတ်တွေ အတွက် ကြည်နူးစရာ ဖြစ်ခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။