အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် လက်စတာစီးတီးအသင်း၏ အဓိကကစားသမားဖြစ်သူ တိုက်စစ်မှူး မာရက်ဇ်အနေဖြင့် လန်ဒန်အခြေစိုက်အာဆင်နယ်သို့ပြောင်းရန် စိတ်ဝင်စားလျက်ရှိပါတယ်။

အယ်ဂျီးရီးယားလက်ရွှေးစင် အသက်၂၆နှစ်ရှိ လက်စတာစီးတီးအသင်း၏ တိုက်စစ်မှူး မာရက်ဇ်အနေဖြင့် မူလပထမက စပိန်လာလီဂါကလပ် ဘာစီလိုနာကို ပြောင်းရွှေ့လိုကစားလိုခဲ့သော်လည်း ယခုအခါ ပုံမှန်ပွဲထွက်ခွင့်ရနိုင်မည့် အာဆင်နယ်ကို ပိုမိုသဘောကျနေခြင်းဖြစ်သည်။

၂၀၁၅-၁၆ ဘောလုံးရာသီက အင်္ဂလန်ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို လက်စတာစီးတီးအသင်းနှင့်အတူရရှိခဲ့သော တိုက်စစ်မှူး မာရက်ဇ်သည် ထိုနှစ်အတွက် ပရီးမီးယားလိဂ် အကောင်းဆုံးသစားသမားဆုကိုပါ ရရှိခဲ့သူဖြစ်သည်။

Hein

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။