အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်း၏နည်းပြ ယာဂန်ကလော့သည် ဆောက်သမ်တန်အသင်း၏ ဗဟိုနောက်ခံလူ ဗန်ဒိုက်ကိုခေါ်ယူရန် လက်မလျော့သေးကြောင်းသိရှိရသည်။

လီဗာပူးအသင်း၏နည်းပြ ယာဂန်ကလော့အနေဖြင့် ယခုအပြောင်းအရွှေ့စကတည်းက ဆောက်သမ်တန်အသင်း၏ ဗဟိုနောက်ခံလူ ဗန်ဒိုက်ကိုခေါ်ယူရန်ကြီုးပမ်းခဲ့သော်လည်း ဆောက်သမ်တန်အသင်းက လှီဗာပူးအသင်းကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ထံသို့ တရားမဝင်ချဉ်းကပ်မှုဖြင့်တိုင်မည်ဟု သတိပေးခဲ့ဖူးသည်။

ထိုစဉ်ကလီဗာပူးအသင်းက ဗန်ဒိုက်ကိုခေါ်ယူရန်လက်လျော့ခဲ့သော်လည်း ယခုအခါ ပြန်လည်ခေါ်ယူရန်ကြိုးစားလာခြင်းဖြစ်ပြီး လီဗာပူးအသင်းနည်းပြကလော့အနေဖြင့် ဗန်ဒိုက်ကို ပေါင်သန်း၆ဝဖြင့်ခေါ်ယူရန်အသင့်ရှိနေကြောင်းသိရှိရသည်။

Hein 

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။