အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်း၏လူငယ်တိုက်စစ်မှူး မာရှုယ်ကို အာဆင်နယ်အသင်း၏နည်းပြအာစင်ဝင်းဂါးက ခေါ်ယူရန်စိတ်ဝင်စားနေတယ်လို့ အင်္ဂလန်မီဒီယာအချို့ကရေးသားလျက်ရှိပါတယ်။

အာဆင်နယ်အသင်း၏နည်းပြအာစင်ဝင်းဂါးအနေနှင့် မန်ချက်စတာယူနိုင်တက်အသင်း၏လူငယ်တိုက်စစ်မှူး မာရှုယ်ကို မိုနာကိုမှာကစားကတည်းကစိတ်ဝင်စားခဲ့ခြင်းဖြစ်ကာ ထိုစဉ်က မာရှုယ်ကို ခေါ်ယူရန်ကြိုးပမ်းခဲ့ဖူးပါတယ်။ 

သို့သော် ပြင်သစ်လက်ရွှေးစင်တိုက်စစ်မှူးမာရှယ်က မန်ချက်စတာယူနိုင်တက်အသင်းကိုသာပြောင်းသွားခဲ့ပြီး ယခုအခါမှာတော့ မော်ရင်ဟိုလက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်နေတဲ့ မာရှယ်ကို အာဆင်နယ်အသင်း၏နည်းပြအာစင်ဝင်းဂါးက ခေါ်ယူရန်စိတ်ဝင်စားနေတာဖြစ်တယ်လို့ အင်္ဂလန်မီဒီယာအချို့ကရေးသားလျက်ရှိပါတယ်။

Hein

သတင်းအရင်းမြစ် Bleacher Report UK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။