၂၀၁၇ ဧပြီအမီ ဖြန့်ချီဖို့စီစဉ်နေတဲ့ ဖြူဖြူကျော်သိန်း၏ ဧပရယ်ဖူး

တေးသီချင်းပေါင်းမြောက်မြားစွာနဲ့ အောင်မြင်ခဲ့တဲ့ ဖြူဖြူကျော်သိန်းဟာ သူမရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ဧပရယ်ဖူူအခွေကို နိုဝင်ဘာလအတွင်း ဒီဗီဒီစတင်ရိုက်ကူးမယ်လို့

ပြောပါတယ်။

"ဧပရယ်ဖူူးက EDM Music လေးတွေဆိုတော့ အကအလှ တွေပါတဲ့ သီချင်းတွေရှိတယ်။ Story ရိုက်လို့ရတဲ့ဟာမျိုးလေးတွေလည်း ရှိကောင်းရှိမယ်ဆိုတော့ FG Entertainment က ဒါရိုက်တာတွေ Crew တွေနဲ့ တိုုပင်ပြီးရိုက်ဖြစ်မှာပါ" လို့၄င်းက ဆိုပါတယ်။ အဆိုပါအခွေဟာ ပြီးခဲ့သည့် ဧပြီလကထွက်ရှိခဲ့ပြီး နိုဝင်ဘာတွင် စတင်ရိုက်ကူးမည်ဖြစ်ကာ လာမည့်နှစ် ဧပြီတွင် အမီဖြန့်ချီပေးနိုင်ရန် စီစဉ်လျက်ရှိပါတယ်။

"ဒီနှစ်က ဖြူဖြူ့ အတွက် သီချင်းအသစ် အထွက်ဆုံးနှစ်လို့ပြောရမယ်။ ပထမခြောက်လ အတွင်းမှာတင် သီချင်းဆယ်ပုဒ် ထွက်ထားတယ်။ နောက်ထပ်လည်း သီချင်းအသစ်တွေ ထွက်ဖို့ရှိတော့ အားပေးပါဦးလို့ ပြောချင်ပါတယ်" ဟု ဖြူဖြူက ပြောပါတယ်။

သူမရဲ့ ဖျော်ဖြေးရေးအစီအစဉ်တွေနဲ့ ပတ်သတ်ပြီး " အခုလာမယ့် အောက်တိုဘာ ၂၁ ရက်မှာ မြရိပ်ညိုမှာ ဖျော်ဖြေဖို့ရှိတယ်။ နောက်ပြီး The Queens ပွဲရှိမယ်။ MMM Music Tour 2016 အနေနဲ့ မကွေး ပုသိမ်း မြိတ် ကိုသွားပြီး ဖျော်ဖြေဖို့ ရှိပါတယ်" လို့ ပြောသွားခဲ့ပါတယ်။

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။