ဘောလုံးပွဲတွေဟာဆိုရင် ယနေ့ချိန်တိုင် လူကြည့်များပြီး အားပေးမှုအများဆုံး အားကစားတွေထဲက တစ်ခုအဖြစ်ပါဝင်ပါတယ်။ ဘောလုံးပွဲတွေကို ကြည့်တဲ့ ပရိသတ်တွေလဲ အားပေးရကျိုးနပ်ပါတယ်။ ပွဲကြီးပွဲကောင်းတွေမှာဆိုရင်လဲ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရတာမို့ တစ်ခါတလေ အနီကဒ်တွေပါ အပြခံရလေ့ရှိပါတယ်။ သို့သော်တချို့အနီကဒ်တွေဟာ မပြသင့်တဲ့ အနီကဒ်တွေဖြစ်ပြီး ယနေ့တိုင် လူသိများနေတုန်းဖြစ်ပါတယ်။ အဲ့ဒီလို အပြခံရတဲ့ အနီကဒ်ပိုင်ရှင်တွေကို အောက်မှာဖော်ပြလိုက်ပါတယ်။ 

Wayne Rooney (World Cup 2006) 

Photo Credit : Bleacher Report
Photo Credit : Bleacher Report

Rooney ဟာဆိုရင် ပရိသတ်ကြီး အားလုံးသိကြတဲ့အတိုင်း ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်တဲ့ England နဲ့ Portugal တို့တွေ့တဲ့ပွဲမှာ တစ်ဖက်ကစားသမားကို ခြေထောက်နဲ့တက်နင်းတယ်ဆိုပြီး အနီကဒ်ပြထုတ်ခဲ့ပါတယ်။ သူအထုတ်ခံရနိုင်အောင် ဒိုင်းကိုပြောတဲ့သူကလဲ သူရဲ့ ဘောလုံးပါတနာဖြစ်ခဲ့ဖူးတဲ့ Ronaldo ပဲဖြစ်ပါတယ်။ Rooney အနီကဒ်ပြပြီး အထုတ်ခံလိုက်ရရချိန်မှာ Ronaldo ကတော့ မျက်စိတစ်ဖက်မှိတ်ပြခဲ့ပါတယ်။ 

Laurent Blanc (World Cup 1998) 

Photo Credit : Bleacher Report
Photo Credit : Bleacher Report

Blanc ဟာဆိုရင်လဲ တစ်ဖက်က သရုပ်ဆောင်ကောင်းမှုကြောင့် အနီးကဒ်အပြခံရတဲ့ သူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ ၁၉၈၈ခုနှစ်တုန်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖိုင်နယ်ကိုတက်ဖို့အတွက် France နဲ့ Croatia တို့ Semifinal မှာတွေ့ခဲ့ကြပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေစဉ် Croatia ဘက်ကပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့ပါတယ်။ ထို့နောက်ပြစ်ဒဏ်ဘောကန်လိုက်တဲ့အချိန်မှာ Croatia ဘက်က ကစားသမားတစ်ယောက်ဟာလဲကျခဲ့ပါတယ်။ ဒိုင်းကလဲ Blanc ဟာအဲ့ဒီကစားသမားကို လက်နဲ့ရိုက်လိုက်တယ်ဆိုပြီး အနီကဒ်ပြထုတ်ခဲ့ပါတယ်။ တကယ်တော့ Blanc ရိုက်ခဲ့တာ မျက်နှာရော မျက်လုံးကိုပါမဟုတ်ခဲ့ပဲ နှုတ်ခမ်းကိုတွန်းရင်းထိမိသွားတာ့ဖြစ်ပါတယ်။ ခံရတဲ့ကစားသမားကလဲ မျက်နှာကိုအရိုက်ခံရတဲ့ပုံနဲ့ ဟန်ဆောင်လဲခဲ့တာကြောင့် Blanc တစ်ယောက် အနီကဒ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ 

သတင်းအရင်းမြစ် Bleacher Report

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။