ကချင်​ပြည်​နယ်​၊ ဗန်​း​မော်​မြို့တွင်​ ​ကျောင်​းစာသင်​ခန်​းအတွင်​းခုနစ်​တန်​း​ကျောင်​းသားအချင်​းချင်​း ဓားထိုးမှုဖြစ်​ပွားခဲ့​ကြောင်​း သိရသည်​။

ုုဖြစ်​စဉ်​မှာ ဇွန်​ ၂၇ ရက်​ ည​နေ ၃ နာရီ​ကျော်​ခန်​့က ဗန်​း​မော်​မြို့၊​ညောင်​ပင်​ရပ်​ကွက်​၊ အ​ခြေခံပညာအထက်​တန်​း​ကျောင်​းခွဲ၊ အလက(၃)ရှိ သတ္တမတန်​း(B)စာသင်​ခန်​းအတွင်​း၌ ​မောင်​​ဝေဖြိုး​အောင်​(ခ)ဟန်​မ်​ဆားရ်​(၁၂)နှစ်​၏ ဦး​ခေါင်​းကို ဆွတ်​ဂျာ​​အောင်​(၁၂)နှစ်​ကလက်​ဖြင်​့ပုတ်​လိုက်​ရာ ​မောင်​​ဝေဖြိုး​အောင်​က လွယ်​အိတ်​ထဲပါလာ

သည်​့ အရိုးအသွား(၈)လက်​မခန်​့ရှိ ​မောင်​းချဓားဖြင်​့ ထိုးလိုက်​ရာဆွတ်​ဂျာ​အောင်​၏ ဝဲဘက်​ရင်​အုံ​အောက်​ ထိုးသွင်​းဒဏ်​ရာတစ်​ချက်​(စိုးရိမ်​ရ)ရရှိခဲ့ပြီး ဗန်​း​မော်​ပြည်​သူ့​ဆေးရုံကြီးသို့ အ​ရေး​ပေါ်တင်​ပို့ခဲ့ရသည်​။

"​သွေး​ လေးပုလင်​းသွင်​းရတယ်​၊ ခုခွဲစိတ်​ခန်​းက ထွက်​လာပါပြီ၊ပြစ်​မှုကျူးလွန်​တဲ့က​လေးကို ဗန်​း​မော်​မြို့မရဲစခန်​း ဒုရဲအုပ်​​ကျော်​​ကျော်​စိုးရဲ့ ထိန်​းသိမ်​းမှု​အောက်​မှာထားပြီး မနက်​ဖြန်​(ဇွန်​ ၂၈ ရက်​)မှာ တရားရုံးမှာ ထိန်​းသိမ်​းခွင်​့​တောင်​းခံပါမယ်​"ဟု ဗန်​း​မော်​မြို့မရဲစခန်​းမှူးဒုရဲမှူးသိန်​း​ဝေမြင်​့က ဒီမိုက​ရေစီတူ​ဒေးသတင်​းစာသို့​ပြောသည်​။

ဖြစ်​စဉ်​နှင်​့ပတ်​သက်​ပြီး ​ဝေဖြိုး​အောင်​(ခ)ဟန်​မ်​ဆားရ်​(၁၂)နှစ်​၊ကချင်​စု-​ညောင်​ပင်​ရပ်​၊ဗန်​း​မော်​မြို့​နေသူအား ဗန်​း​မော်​မြို့မရဲစခန်​းက (ပ)၁၆၈/၂၀၁၇ ရာဇသတ်​ကြီးပုဒ်​မ ၃၂၆ ဖြင်​့ အမှုဖွင်​့ထား​ကြောင်​း သိရသည်​။

Source - ဗန်းမော်ပွင့်သစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။