ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူအများစုအတွက် အဓိကပြိုင်ပွဲအားကစားလို့သတ်မှတ်လို့ရပါတယ်။ ကမ္ဘာ့ဖလားဘောလုံးပွဲတွေဟာဆိုရင်လဲ တခြားသောအားကစားတွေထဲကမှာ လူကြည့်များတဲ့ အားကစားတစ်ခုဖြစ်ပါတယ်။ နိုင်ငံအတွက် ယှဉ်ပြိုင်ကြတာမို့ တစ်သင်းနဲ့ တစ်သင်းကလဲ အကြိတ်အနယ်ယှဉ်ပြိုင်ကစားလျက်ရှိပြီး တချို့သောအဖြစ်အပျက်တွေကတော့ မေ့မရတဲ့အချိန်တွေဖြစ်ခဲ့ပါတယ်။ အဲ့ဒီထဲကမှ ယနေ့တိုင် ထင်ပေါ်ကျော်ကြားပြီး မေ့မရနိုင်တဲ့ အနီကဒ်ပြခံလိုက်ရတဲ့ သူတွေကို ဖော်ပြလိုက်ပါတယ်။ ဘောလုံးအသင်းမှာ အနီကဒ်ပြခံရတာဟာ အသင်းအတွက် အများကြီး နစ်နာတာမို့ မေ့မရတဲ့အခိုက်အတန့်တစ်ခုပါပဲ။ 

Zinedine Zidane (World Cup 2006) 

Photo Credit : Bleacher Report

Zidane ဟာဆိုရင် ကမ္ဘာ့ပေါ်မှာ ယနေ့တိုင် ထင်ပေါ်ကျော်ကြားနေတဲ့ ဘောလုံးကစားသမားတစ်ယောက်လဲဖြစ်သလို Real Madrid အသင်းရဲ့ နည်းပြတစ်ယောက်လဲဖြစ်ပါတယ်။ သူဘောလုံးကစားသမားတုန်းကဆိုရင် အသင်းအတွက်များစွာသော ဖလားတွေကိုလဲ ရရှိအောင် စွမ်းဆောင်ကစားပေးနိုင်တဲ့ အားကစားသမားကောင်းတစ်ယောက်လဲဖြစ်ပါတယ်။ သူနဲ့ပတ်သတ်လို့ မေ့မရတဲ့ ဘောလုံးသမိုင်းထဲက ဖြစ်ရပ်တွေလဲ များစွာရှိပါတယ်။ အဲ့ထဲကမှ ၂၀၀၆ခုနှစ်တုန်း ပြုလုပ်ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကတော့ ထင်ရှားခဲ့ပါတယ်။  

Photo Credit : Bleacher Report

Zidane ကိုထင်ရှားစေခဲ့တဲ့ပွဲကတော့ France နဲ့ Italy တို့တွေ့ရှိခဲ့တဲ့ပွဲဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ Zidane ဟာ Penalty နဲ့ ဂိုးသွင်းနိုင်ခဲ့ပေမယ့် Italy ဟာ ဂိုးပြန်သွင်းနိုင်ခဲ့ပြီး သရေကျကာ အချိန်ပိုထိ ဆော့ကစားခဲ့ကြရပါတယ်။ အချိန်ပိုကစားနေချိန်မှာလဲ တစ်ဖက်နဲ့တစ်ဖက်က အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် Zidane နဲ့ Marco Materazzi တို့စကားများခဲ့ပြီးနောက် Zidane ဟာ ယနေ့တိုင် ဘယ်သူမှ မမေ့နိုင်တဲ့ အပြုအမှုကိုလုပ်ခဲ့ပါတယ်။ အဲ့ဒီလို သူတို့စကားများပြီးနောက် Zidane ဟာ Marco ရဲ့ ရင်ဘတ်ကို ခေါင်းနဲ့ ထိုးတိုက်ခဲ့ပါတယ်။ ဒိုင်းကလဲ ပြစ်မှုကျူးလွန်တာ ထင်ရှားတာမို့ အနီကဒ်ပြပြီး ထုတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ Zidane ရော ပြင်သစ်အသင်းပါ ကမ္ဘာ့ဖလားနဲ့ ဝေးကွာခဲ့ပါတယ်။  

Photo Credit : Bleacher Report
Photo Credit : Bleacher Report

သတင်းအရင်းမြစ် Bleacher Report

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။