ကမ္ဘာ့ဖလားပွဲတွေဟာဆိုရင် နိုင်ငံကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်ကစားကြတာမို့ တော်တော်လေးကို ပြင်းထန်လှပါတယ်။ ဘောလုံးပွဲတွေဆိုရင် ပိုမိုသိသာနိုင်ပါတယ်။ ဘယ်လောက်ပဲ နိုင်ငံအသင်လေးဖြစ်ပါစေ ကြိုးကြိုးစားစားနဲ့ နိုင်ငံကြီးအသင်းတွေကို ယှဉ်ပြိုင်ကစားလေ့ရှိပါတယ်။ ယှဉ်ပြိုင်မှုပြင်းထန်းသလောက် အနီကဒ်တွေကလဲ အပြခံရတာတွေများခဲ့ပါတယ်။ အဲ့ဒီအနီကဒ်တွေဟာလဲ အသင်းအတွက် တော်တော်လေးကို နစ်နာစေပါတယ်။ တချို့သောအနီကဒ်တွေကတော့ ယနေ့တိုင် လူသိများပြီး သမိုင်းမှာထင်ကျန်နေတုန်းပါပဲ။ အောက်မှာဆိုရင်တော့ အဲ့ဒီလို အနီကဒ်ပိုင်ဆိုင်ခဲ့တဲ့ သူကို ဖော်ပြလိုက်ပါတယ်။ 

David Beckham (World Cup 1998) 

Photo Credit : Bleacher Report
Photo Credit : Bleacher Report

David Beckham ကို ပရိသတ်ကြီး အားလုံးသိကြမယ်ထင်ပါတယ်။ သူဟာယနေ့တိုင် ကမ္ဘာပေါ်မှာ အောင်မြင်တဲ့ သူတစ်ယောက်လဲဖြစ်ပါတယ်။ ဘောလုံးကစားသမားနေရာမှာတင် မဟုတ်ပဲ Model အဖြစ်ရော စီးပွားရေးသမားအဖြစ်ပါ နေရာတော်တော်များများမှာ အောင်မြင်ကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာဆိုရင်လဲ ၁၉၉၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယနေ့တိုင်လူသိများစေတဲ့ အနီကဒ်ကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ သူရရှိခဲ့တဲ့ အနီကဒ်ပွဲကတော့ England နဲ့ Argentina တို့တွေ့တဲ့ပွဲမှာပဲဖြစ်ပါတယ်။ ဖြစ်ပုံကတော့ Bekcham ဟာ Diego Simeone တိုက်လိုက်တာကြောင့်လဲကျခဲ့ပါတယ်။ အဲ့ဒီလို လဲကျနေချိန်မှာပဲ ဒိုင်လူကြီး အရှေ့မှာ မသိမသာ Diego ကို ခြေထောက်နဲ့ကန်ခဲ့ပါတယ်။ သို့သော်လဲ ဒိုင်လူကြီးအရှေ့မှာ သိသားတဲ့အတွက် အနီကဒ်နဲ့ထုတ်ခဲ့ပါတယ်။  

Photo Credit : Bleacher Report
Photo Credit : Bleacher Report

သတင်းအရင်းမြစ် Bleacher Report

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။