ပုရိသတွေရဲ့ကြားမှာခေတ်စားနေပြီး ပြန်ကြားရေးဝန်ကြီးဌာနကတောင် သူမရဲ့ သတင်းတင်ခဲ့ရတဲ့ မအေးသောင်း ခေါ် အေးဝတ်ရည်သောင်းဟာ ယခု အချိန်မှာတော့ အာရုံ စူးစိုက်မှု အခံရဆုံး အနုပညာရှင်လို့ပြောလို့ရပါတယ်။ သူမရဲ့ မိနစ်နှင့် အလိုက်တက်လာတဲ့ ရာချီတဲ့followers တွေကြောင့် ပရိသတ်အချို့ကလည်း တအံ့တသြဖြစ်ခဲ့ပါတယ်။

သူမရဲ့ မြန်မာဆန်ဆန်ဝတ်စားဆင်ယင်မှုတွေ ချစ်စဖွယ်ကောင်းတဲ့ အပြုအမူတွေကြောင့် ပုရိသတွေ အသဲဆွဲနေရတယ်ဆိုရင်လည်းမမှားပါဘူး။ သူမရဲ့ ပိုစ့်တွေ ဓာတ်ပုံတွေအောက်မှာလည်း သူမရဲ့ အလှ ကိုဖော်ကြူးထားတဲ့ ကဗျာတွေပြည့်နှက်နေသည့် အလျှောက် မအေးသောင်းရဲ့ အချစ်ရေးကိုလည်းစိတ်ဝင်စားကြမယ်ထင်လို့ MI Media မှ ကူးယူဖော်ပြလိုက်ပါတယ်။

" အချစ်ရေးက အေးဆေးပါ။ဒီအရွယ်မှာ လူတိုင်းတော့ ချစ်သူ ရှိကြတာ ချည်းပါပဲ။ပရိသတ်ကို ကိုယ့်ချစ်သူကို ထုတ်ပြတယ်၊ မပြဘူး ဆိုတာက ချစ်သူ မို့လို့ပါ။ကိုယ့်အမျိုးသား ကိုယ့်ယောကျ်ား ဆိုရင်တော့ ပရိသတ်ကို ချပြလိုက်တာ ပြဿနာမရှိဘူးလေ။ချစ်သူကို ဘာလို ့ မချပြတာလဲဆိုရင် ကိုယ့်ချစ်သူက ဘယ်သူဘယ်ဝါဆိုပြီး ချပြလိုက်ရင် သူ့အတွက်လည်း မကောင်းဘူး။ကိုယ့်အတွက်လည်း မကောင်းဘူးလေ။ချစ်သူတိုင်းက လက်ထပ်ဖြစ်ချင်မှ လက်ထပ်ဖြစ်တာလေ။ကံ ဆိုတာ ရှိသေးတာကြောင့် လက်မထပ်ဖြစ်ရင် သူ့အနာဂတ်အတွက်လည်း မကောင်းဘူး။မိန်းကလေး တစ်ယောက် ဖြစ်တဲ့ ကိုယ့်အနာဂတ်အတွက်လည်း မကောင်းဘူးလေ။ အဲဒါကြောင့် ရည်းစားကို လူအများရှေ့မှာ ဘယ်သူဘယ်ဝါဆိုပြီး ချပြပြီး တွဲသွားတွဲလာ မလုပ်ဖြစ်ပါဘူး '' ဆိုပြီးပြောသွားခဲ့ပါတယ်။

Source : Mi Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။