Photo credit - Bren Esports facebook page

Philippines နိုင်ငံက esports organization တစ်ခုဖြစ်တဲ့ Bren Esports က​တော့ သူတို့ရဲ့ ပထမဆုံး Valorant team ကိုဖွဲ့စည်းခဲ့ပြီ ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

Bren Esports Valorant team မှာကစားမယ့် players တွေကတော့

Jim Albert "BORKUM" Timbreza

Jayvee "DubsteP" Paguirigan

Kevin "dispenser" Te

Jessie Cristy "JessieVash" Cuyco

Gilbert Gibo A

Ching

တို့ပဲ ဖြစ်ပါတယ်။

Bren Esports ဟာ Valorant team ကိုဖွဲ့စည်းပြီးတာနဲ့ VPH Blitz Series1: The Endgame Gear tournaments ကိုဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး champion ဆုကိုပါရယူနိုင်ခဲ့ပါတယ်။

ပထမဆုံး ယှဥ်ပြိုင်တဲ့ tournament မှာတင် champion ဖြစ်ခဲ့တဲ့ Bren Esports Valorant ရဲ့အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Bren Esports ဟာ Sea region မှာတော့ လူသိများတဲ့ organization တစ်ခုဖြစ်ပြီး MLBB,Dota 2 , Valorant နဲ့ အခြားသော esports team တွေကို ဖွဲ့စည်းထားတဲ့ org တစ်ခုပဲဖြစ်ပါတယ်။

Bren Esports MLBB team ဟာဆိုရင်လည်း လက်ရှိမှာ world ranking အရ No.8 နေရာမှာ ရှိနေပါတယ်။

Source - Bren Esports facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။