Mobile Legends ဟာဆိုရင် ခုချိန်မှာ Skin တော်တော်များများ ထွက်ရှိထားပါတယ်။ Skin အရေအတွက်ကတော်တော်များများထွက်ရှိထားပေမယ့်လဲ Skin အသစ်တွေကိုသာ ထွက်ရှိထားတာဖြစ်ပြီး အဟောင်းတွေကို မထွက်ရှိရသေးပါဘူး။ Skin Effect တွေ Poster တွေ Icon တွေအကုန်လုံးထွက်ရှိထားပြီးပေမယ့်လဲ Advance Server မှာပဲ Skin အစမ်းပြပြီး နောက်ကျတော့ ပျောက်ကွယ်သွားပါတယ်။ ပြောရမယ်ဆိုရင် ထွက်ရှိရမယ့် Skin ကတစ်ခုတင်မကပါဘူး တော်တော်များများကျန်ပါသေးတယ်။ 

တချို့ပရိသတ်ကြီးလဲ Skin အဟောင်းတွေကို ထွက်ဖို့ကျန်သေးတာကို သိကြပြီးသားဖြစ်မှာပါ။ ထွက်ဖို့ကျန်နေသေးတဲ့ Skin အဟောင်းတွေကိုရော အသစ်တွေကိုပါ သိပြီးသားသူတွေအတွက်ရော မသိသေးတဲ့ သူတွေအတွက်ပါ ဖော်ပြပေးလိုက်ပါတယ်။ Elite Skin လို့သတ်မှတ်ထားတဲ့ Skin တွေကတော့ Vale - Perhelion Wanderer, Faramis - Ivy Feathers, Bane - Business Tycoon နဲ့ Johnson - Mystery Name( Skin နာမည်မရှိသေးခြင်း) တို့ပဲဖြစ်ပါတယ်။ Basic Skin အနေနဲ့ New Hero ဖြစ်တဲ့ Benedetta - Honor Blade နဲ့ Starlight Skin လို့သတ်မှတ်ထားရတဲ့ Sun - Simian Curse တို့ထွက်ရှိဖို့ ရှိပါသေးတယ်။ 

Special Skin တွေလို့ သတ်မှတ်ထားရတဲ့ Skin တွေကတော့ Gatotkaca - Hiphop Boxer, Bruno - PSG Striker, Alpha - Crimson Warrior, Harith - Fashion Expert, Thamuz - Abyssal Reaper, Terizla - Hammer Giant နဲ့ Kadita - Anthem of Tides တို့ပဲဖြစ်ပါတယ်။ Epic Skin အနေနဲ့ သတ်မှတ်ထားတဲ့ Skin တွေကတော့ Balmond - Celestial General, Argus - Cataclysm, Yi Sun-Shin - Lone Destructor, Natalia - Grim Strangler နဲ့ Dyrroth - Prince of Light တို့ပဲဖြစ်ပါတယ်။  

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။