နာမည်ကျော် Marvelနှင့်Disney ရဲ့့ MCEU ကတော့ စူပါဟီးရိုးရုပ်ရှင်ကားတွေ တစ်ကားပြီးတစ်ကားထွက်လျက်ရှိရာ ယခုနှစ်တွင် Guardians of The Galaxy Vol 2 ထွက်ရှိထားပြီး Spiderman Homecoming နှင့် Thor Ragnarok တို့ထွက်ရှိလာတော့မှာပါ။ 

ဒါ့အပြင် လာမည့်နှစ်မှာတော့ စူပါဟီးရိုးရုပ်ရှင်ကားပရိသတ်တွေစောင့်မျော်နေတဲ့ Avengers Infinity War ထွက်ရှိလာမှာဖြစ်ပြီး Marvelဇာတ်ကောင်ပေါင်း ၃ဝလောက်ထိ Avengers Infinity War မှာ ပရိသတ်တွေခံစားကြည့်ရှုရမှာပါ။ 

ယခုအခါ အင်တာနက်ပေါ်တွင် Avengers Infinity War ရိုက်ကွင်းက စတန့်မင်းသားတစ်ယောက်ဝတ်ရှိထားတဲ့ Iron Manရဲ့Suit အသစ်ဓာတ်ပုံများ ပေါက်ကြားလျက်ရှိပြီး အလွန်လန်းလှတဲ့ Iron Man Suit ကို စူပါဟီးရိုးရုပ်ရှင်ကားပရိသတ်တွေက မျက်စိကျနေကြပါတယ်။

Hein (Mg Lu Aye) 

သတင်းအရင်းမြစ် Comic Books News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။