Mobile Legends ကတော့ ခုချိန်မှာ သူတို့ရဲ့ ပထမဆုံး Collaboration ကို King Of Fighters ဆိုတဲ့ဂိမ်းနဲ့ ပြုလုပ်ခဲ့တာကို ပရိသတ်ကြီး သိရှိကြမှာဖြစ်ပါတယ်။ Mobile Legends ထဲမှာဆိုရင်လဲ KOF Character 6 ကောင်ကို ထည့်သွင်းလို့ပြီးပြီဖြစ်ပါတယ်။ နောက်ထပ်လဲ KOF Character တွေကို ထည့်ဖို့ရှိနေတာကို ပရိသတ်ကြီးလဲ သိကြမှာပါ။ Mobile Legends ရဲ့ Survey ထဲမှာလဲ ပရိသတ်တွေရဲ့ Voting ပေးထားတဲ့ Anime တွေရှိပါသေးတယ်။  

Mobile Legends ရဲ့ နောက်ထပ် Collaboration လုပ်မယ့် ပထမဆုံး Anime ကတော့ Bleach ဖြစ်ဖို့များပါတယ်။ သူတို့အနေနဲ့ Collaboration လုပ်ဖို့ရှိပြီးသာဖြစ်ပေမယ့်လဲ ထွက်ရှိလာဖို့ တော်တော်ကြာကြာစောင့်ရမယ့် အနေအထားပါ။ အဖြစ်နိုင်ဆုံး Memberတွေကတော့ Alucard X Ichigo Kurosaki , Rafaela X Inoue Orihime, Yi Sun-Shin X Uryuu Ishida, Benedetta X Rukia Kuchiki နဲ့ Aldous X Chad တို့ပဲဖြစ်ကြပါတယ်။ ဒီ Hero တွေကတော့ ဖော်ပြထားတဲ့ Bleach ထဲက Character တွေနဲ့အတူဆုံးပါပဲ။ နောက်ထပ် ပရိသတ်တွေရဲ့ Voting အများဆုံး Anime တွေကတော့ MLBB x Demon Slayer: Kimetsu No Yaiba, MLBB x Inuyasha နဲ့ MLBB x Gintama တို့ပဲဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။